Connect with us

Hi, what are you looking for?

သတင်း

စစ်မှုမထမ်းအဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့်အတူ အလင်းဝင်လာ

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

ဇန်နဝါရီ ၈ ရက်က KNDF ထံ ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သားနှင့် အတူ လက်နက်ခဲယမ်းများဖြစ်သည်။ဓာတ်ပုံ - KNDF B34

ရဲခေါင်း/People’s Spring

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့ ရတဖ (၂၆)ရဲတပ်ရင်းမှ ရဲတပ်သားခိုင်ထူးဉာဏ်သည် လက်နက်တစ်လက်၊ ခဲယမ်းတချို့ယူဆောင်လာပြီး ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် အလင်းဝင်လာသည်ဟု ဆိုသည်။

ထို့ကြောင့် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော ရဲတပ်သားကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဟု CDF CDM SIYINက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားတစ်ဦးဖြစ်သော မောင်နေဇော််သည် ဇန်နဝါရီ ၈ရက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃၄)ထံ အလင်းဝင်လာကြောင်း သိရသည်။

၎င်းနှင့်အတူ MA-1 တစ်လက်၊ကျည်များနှင့် လက်ပစ်ဗုံးယူဆောင်လာကြောင်း KNDF တပ်ရင်း(၃၄) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏စစ်မှုမထမ်းမနေရ အဓမ္မအတင်းစုဆောင်းခံရကြောင်းနှင့် စစ်ကောင်စီ၏ လက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် အလင်းဝင်ခြင်းဖြစ်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်လက်အောက်မှ ရုန်းထွက်ကြရန်နှင့် အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြရန်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက တိုက်တွန်းသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ နှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူပူးပေါင်းလာကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်ပလက်ဝ နဲ့ ရခိုင်မြို့နယ် ၇ ခုမှာစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေအပါအဝင် ရပ်ကွက်၊ ကျေးရွာ ပေါင်း ၁၀၀ ကျော်မှာ ရေကြီးနေပြီး လူထောင်ချီ ရွှေ့ပြောင်းနေရကာ ​ရေ​ဘေး​ကြောင့် လူသုံးဦးထက်မနည်း​သေဆုံးခဲ့​ကြောင်းဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ဘေးရှောင်အပါအဝင် လူတစ်သိန်းဝန်းကျင်ရေဘေးသင့်၊အရေးပေါ်အကူအညီလိုအပ်​နေ

သတင်း

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။