Connect with us

Hi, what are you looking for?

သတင်း

စစ်မှုမထမ်းအဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့်အတူ အလင်းဝင်လာ

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

ဇန်နဝါရီ ၈ ရက်က KNDF ထံ ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သားနှင့် အတူ လက်နက်ခဲယမ်းများဖြစ်သည်။ဓာတ်ပုံ - KNDF B34

ရဲခေါင်း/People’s Spring

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ တီးတိန်မြို့ ရတဖ (၂၆)ရဲတပ်ရင်းမှ ရဲတပ်သားခိုင်ထူးဉာဏ်သည် လက်နက်တစ်လက်၊ ခဲယမ်းတချို့ယူဆောင်လာပြီး ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် အလင်းဝင်လာသည်ဟု ဆိုသည်။

ထို့ကြောင့် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော ရဲတပ်သားကို ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်မည်ဟု CDF CDM SIYINက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားတစ်ဦးဖြစ်သော မောင်နေဇော််သည် ဇန်နဝါရီ ၈ရက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃၄)ထံ အလင်းဝင်လာကြောင်း သိရသည်။

၎င်းနှင့်အတူ MA-1 တစ်လက်၊ကျည်များနှင့် လက်ပစ်ဗုံးယူဆောင်လာကြောင်း KNDF တပ်ရင်း(၃၄) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏စစ်မှုမထမ်းမနေရ အဓမ္မအတင်းစုဆောင်းခံရကြောင်းနှင့် စစ်ကောင်စီ၏ လက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် အလင်းဝင်ခြင်းဖြစ်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်လက်အောက်မှ ရုန်းထွက်ကြရန်နှင့် အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြရန်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက တိုက်တွန်းသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ နှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ဦး နှင့်ရဲ ၁၀,၈၈၈ ဦးမှာ ပြည်သူနှင့်အတူပူးပေါင်းလာကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူး​ပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ခန်းမ၌ လုံခြုံရေးတာဝန်ချထားခံရသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၅)မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခုံလှုံလာကြောင်း မုံရွာခရိုင် တပ်ရင်း(၂၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက်နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြ​သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ​ပြောကြားခဲ့သည်။

သတင်း

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ