Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတက္ကသိုလ်အနီးရှိ KBZ ဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့ ၊ မန္တလေး တက္ကသိုလ် ဘေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြ တိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ KBZ ဘဏ်ခွဲ ကိုတွေ့ရပုံ (ဓာတ်ပုံ - စစ်တပ်ဝါဒဖြန့်ချန်နယ်)

ဆိုင်းမင်း၊ရှိန်း / People’s Spring

မန္တလေးမြို့ ၊ မန္တလေး တက္ကသိုလ် ဘေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (KBZ) ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြ တိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

မန္တလေး တက္ကသိုလ်ဘေးမှာရှိတဲ့ KBZ ဘဏ်ကို သေနတ်အတိုကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးဝင်ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ဖြစ်စဉ်ကိုသိတဲ့မန္တလေးအခြေစိုက် အခြားသော KBZ ဘဏ်ခွဲက အမျိုးသမီးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဓားပြက အသင့်ယူလာတဲ့ ကျောပိုးအိတ်ထဲ ငွေထည့်ပြီး ဘဏ်ကနေ ပြန်ထွက်ချိန်မှာ ဝိုင်းဝန်းဖမ်းဆီးခံရတာဖြစ်ပြီး သေနတ်နဲ့ ပြန်ပစ်လို့ ဘဏ်ဒုမန်နေဂျာအမျိုးသားလက်မောင်းထိမှန်ခဲ့ရတယ်လို့လည်း အဲဒီဝန်ထမ်းထံက သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း KBZ ဘဏ်ဓားပြတိုက်တာကို ဖြန့်ဝေထားပါတယ်။

လုပ်သေနတ်နဲ့ဓားပြတိုက်တာဖြစ်ပြီး ဘဏ်လုံခြုံရေးနဲ့ အနီးကပြည်သူတွေက ဝိုင်းဖမ်းရာမှာ ဓားပြကိုမိသွားတယ်လို့ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြပါတယ်။

ပြောက်ကျား အင်္ကျီ ဝတ်ဆင်ထားသူ အမျိုးသား ကို လက်လုပ်ပစ္စတို သေနတ်နဲ့အတူ ဖမ်းမိတယ်လို့ဓာတ်ပုံတွေနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။

“အခုတော့ စစ်ကားတွေရော၊ရဲတွေရောရောက်နေတယ်၊ဓားပြတိုက်တဲ့သူကိုတော့ခေါ်သွားကြပြီ”လို့အနီးနားမှာရှိနေသူတဦးကပြောပါတယ်။

အဲဒီဘဏ်ဟာ တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်နဲ့ အနီးမှာ ရှိတာပါ။

တက္ကသိုလ်အရံလေ့ကျင့်ရေးတပ်ရဲ့ ဝင်ပေါက်ကလည်း ၇၃လမ်း၊၄၀နဲ့၄၁လမ်းကြားမှာရှိပြီး လုံခြုံရေးဘန်ကာတွေလည်းချထားတယ်လို့သိရပါတယ်။

အခုလို ဓားပြတိုက်ခံရတဲ့ဘဏ်တည်ရှိရာနေရာဟာဆိုရင် မြို့ခံတွေက မိန်းထဲလို့ခေါ်ပြီး မန္တလေးမြို့မှာ လူအစည်ကားဆုံးနေရာဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။