Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့အမေများနေ့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများလွတ်မြောက်ရန် ဖားကန့်တွင်ဆန္ဒပြ

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သုည/People’s Spring

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဖားကန့်ပြည်သူများက “မေတ္တာကြီးမားကမ္ဘာ့အမေများ အမေစုနဲ့နိုင်ကျဥ်းများ အမြန်လွတ်ပါစေ” ၊ “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့သည် ငါတို့မြေ၌ တည်ပါစေ” စသည့်စာသားများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်ဖားကန့်မြို့နယ်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ရဲ့ လွတ်ငြိမ်းပေးမှုကြေညာချက်နဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် ကွဟာချက်တွေရှိနေပြီး နိုင်ငံရေးအကျဉ်းသားပါဝင်မှုမှာလည်း အလွန်နည်းပါးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိုးရိမ်ကြောင်းပြောဆိုနေရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

Facebook