Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် ရက်ပေါင်း ၃၀အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို အကြိမ်ရေ (၅၀)ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ပကဖ ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်တပ်စွဲထားသည့် နေရာများနှင့် လှုပ်ရှားစစ်ကြောင်းများကို ရက်ပေါင်း (၃၀)အတွင်း အကြိမ်ရေ(၅၀)ကျော် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ဒရုန်းတပ်ဖွဲ့)Shadow Squad မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ရဲဘော်တစ်ဦးဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - ပုလော ပကဖ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်တပ်စွဲထားသည့် နေရာများနှင့် လှုပ်ရှားစစ်ကြောင်းများကို ရက်ပေါင်း (၃၀)အတွင်း အကြိမ်ရေ(၅၀)ကျော် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ဒရုန်းတပ်ဖွဲ့)Shadow Squad မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများကို ၂၀၂၄ ဒီဇင်ဘာ ၁၄ ရက်မှ ယခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ မြိတ်ခရိုင် တပ်ရင်း(၁)နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြိမ်ရေ(၅၂)ကြိမ်တွင် ဗုံးသီး (၇၀)ကျော် ကြဲချနိုင်ခဲ့ကြောင်း ပုလော-ပကဖ ဒရုန်းတပ်ဖွဲ့က အသိပေးသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော စစ်ကောင်စီတပ်အထိုင်စခန်းနေရာများမှာ စက်တော်ရာရွာ၊ ကြဲတံတားဂိတ်နှင့် တပိုကျေးရွာ ဆယ်အိမ်စုအနီးဝန်းကျင်တို့ဖြစ်ပြီး တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း နှစ်ဘက်စစ်ရေးအခြေ အနေများအရ စာရင်းအတိအကျ မရသေးကြောင်း ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မျက်မြင်တော့ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်ဗျ။ အသေအဆုံးတော့ မမြင်ရဘူးပေါ့။ ကားနဲ့ သယ်သွားတာတွေ ရှိပေမဲ့ စာရင်းအတိအကျ မသိရဘူး”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီတပ်အထိုင်ချစခန်းများနှင့် လှုပ်ရှားစစ်ကြောင်း၏ ပူးပေါင်းအင်အား ၂၀၀ ကျော်ရှိနိုင်ပြီး ကျေးရွာများသို့ ဖြတ်သန်းသွားလာစဥ် ပြည်သူ့နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ပုလော-ပကဖ မှတ်တမ်းများအရ သိရသည်။

အလားတူ ဇန်နဝါရီ ၉ ရက်က စက်တော်ရာကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်စဥ် ၎င်းတို့ဘက်မှ တစ်ရက်တည်း လေကြောင်းပစ်ကူ ၆ ကြိမ်ပေးခဲ့ပြီး လက်ရှိတွင်လည်း စက်တောရာကျေးရွာအနီး နှစ်ဘက်စစ်ဆိုင်ထားဆဲဖြစ်ကြောင်း ပုလော-ပကဖ မှ အသိ ပေးသည်။

စစ်ကောင်စီတပ်များသည် တစ်နေရာနှင့်တစ်နေရာ စစ်ကြောင်းထိုးဝင်ရောက်ရာတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို အင်အားထပ်မံဖြည့်တင်းနေပြီး အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၊ ထားဝယ်-ပုလော – မြိတ်လမ်းပိုင်း၌ လှုပ်ရှားနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။