Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးနှင့် ဒေါ်လာဈေး ပြန်တက်လာ

ပြည်တွင်း ရွှေစျေးနှင့် ဒေါ်လာစျေး ပြန်လည်မြင့်တက်လာကြောင်း ဝယ်ရောင်းစျေးကွက်ထံမှ သိရသည်။

ဓာတ်ပုံ - အေအပ်ပီ

ရဲခေါင်/People’s Spring

ပြည်တွင်း ရွှေစျေးနှင့် ဒေါ်လာစျေး ပြန်လည်မြင့်တက်လာကြောင်း ဝယ်ရောင်းစျေးကွက်ထံမှ သိရသည်။

၂၀၂၅နှစ်ဆန်းပိုင်းကစ၍ ရွှေစျေးနှင့် ဒေါ်လာစျေး မြင့်တက်လာခဲ့ပြီး တစ်ဒေါ်လာငွေလဲနှုန်းမှာ နှစ်ပတ်အတွင်း ကျပ် ၂၀၀အထိ မြင့်တက်ခဲ့ပြီး ရွှေစျေးမှာလည်း ငါးသိန်းဝန်းကျင် စျေးတက်ခဲ့သည်ဟု ဆိုသည်။

“နိုင်ငံတကာရွှေစျေးမြင့်လာတယ်။ ပြင်ပစျေး ကွက်မှာဒေါ်လာ ရှာတဲ့သူများလာတာကြောင့်လည်း ဒေါ်လာစျေးတောက်လျှောက် ပြန်တက်လာတယ်။အတက်ဘက်ကို ဆက်ဦးတည်လိမ့်မယ်”ဟု နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက လူထု​နွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဇန်နဝါရီ ၁၄ ရက်)နံနက်ပိုင်းတွင် ပြင်ပ စျေးကွက်၌ အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ၆၅ သိန်းဝန်းကျင်ရှိနေပြီး တစ်ဒေါ်လာငွေလဲနှုန်းသည် အဝယ် ၄,၅၆၀ကျပ် နှင့်အရောင်း ၄,၆၅၀ ရှိသည်။

လွန်ခဲ့သည့်နှစ်ပတ်ခန့် (ဇန်နဝါရီ ၁ရက်)က ပြင်ပ စျေးကွက်၌ အခေါက်ရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၆၀၆၀,၀၀၀ နှင့် တစ်ဒေါ်လာငွေလဲနှုန်းသည် အဝယ် ကျပ် ၄,၃၇၀ ကျပ်နှင့်အရောင်း ၄,၄၄၀ ရှိကြောင်း သိရသည်။

ယခင်နှစ် သြဂုတ်ပိုင်းအထိ တစ်ဒေါ်လာ ငွေလဲနှုန်းသည် ၇,၁၀၀ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူများကို ဖမ်းဆီးခြင်း ၊Money Changer ၁၉၄ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များထံမှ ရရှိသည့် ဒေါ်လာငွေကို စစ်ကောင်စီက ထိန်းချုပ်ခဲ့သည်။

သို့သော် ပြည်တွင်းအခြေ ခံစားသောက်ကုန်များမှာ စျေးကျသွားခြင်းမရှိခဲ့သည့်အပြင် ယခုနှစ် ဆန်းပိုင်းကစ၍ ပို့ကုန်၊သွင်းကုန်အပေါ် အခွန်ကောက်သည့်နှုန်းကို ယခင် ဗဟိုဘဏ်ကသတ်မှတ်သည့် (တစ်ဒေါ်လာ ၂,၁၀၀ကျပ် ) အစား (တစ်ဒေါ်လာ ၃,၅၈၀ ကျပ်)ဖြင့် ကောက်ခံမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ထို့ကြောင့် ပြည်တွင်းကုန်စည်စျေးကွက်တွင် သွင်းကုန်ပစ္စည်းများစျေးတက်ကာ ပို့ကုန်လုပ်ငန်းများ လျော့နည်းသွားမည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်ထောက်ပြသည်။

စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာလျှင် ၁,၃၀၀ကျပ်နှင့် ရွှေ ၁ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

ဘယ်ဂျီယမ် နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုဟာ ဒေါ်လာ ၁၀ သန်းကျော်လောက် တန်ဖိုးရှိမယ်လို့ ယုံကြည်ရတဲ့ ရွှေချောင်းနဲ့ ရွှေဒင်္ဂါးပြားတွေကို မတော်တဆ ရှာတွေ့ခဲ့ပါတယ်။