Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေကိုကူညီမယ့် ချင်းမိုင်က ရုပ်ရှင်ပြပွဲ

စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ရည်ရွယ်ပြီး ချင်းမိုင်မှာ ပြုလုပ်မယ့်ရန်ပုံငွေရုပ်ရှင်ပြပွဲကို လာရောက်အား‌ပေး ကြဖို့ မင်းမော်ကွန်းကဖိတ်ခေါ်ထားပါတယ်။

ဆဏ်း / People’s Spring

စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ရည်ရွယ်ပြီး ချင်းမိုင်မှာ ပြုလုပ်မယ့် ရန်ပုံငွေရုပ်ရှင်ပြပွဲကို လာရောက်အား‌ပေး ကြဖို့ မင်းမော်ကွန်းကဖိတ်ခေါ်ထားပါတယ်။

“ဒီဇာတ်ကားနှစ်ကားကိုပြသလို့ရလာတဲ့ ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို စစ်ကိုင်း ၊ မန္တလေး ၊ မကွေးမှာရှိနေတဲ့ စစ်ဘေးရှောင်များအတွက်ကို လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့ မင်းမော်ကွန်းကပြောပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ မင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ဖြတ် နဲ့ အတူတကွ ဇာတ်လမ်းတို ရုပ်ရှင် နှစ်ကားကို ပြသသွားမှာပါ။

Public Service Announcement

Public Service Announcement

ဒီပွဲကို ချင်းမိုင်တက္ကသိုလ်ရဲ့ Communication Innovation Center မှာပြုလုပ်မှာဖြစ်ပြီး ပွဲစဉ်နှစ်ပွဲပြသသွားမှာဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းအနေနဲ့ ဘတ် ၃၀၀ သတ်မှတ်ထားပြီး ဒီပွဲကို ချင်းမိုင်ရောက်တော်လှန် အနုပညာရှင်တွေလည်း လာရောက်မယ်လို့ ကြေညာထားပါတယ်။

“အတူတကွ … ဖြတ်၊ အတူတကွ …လှူ၊ အတူတကွ…ကူကြဖို့ ချင်းမိုင် ရောက် တော်လှန်ပြည်သူများ လာရောက်ကြည့်ရှု အားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်” လို့ Together Production က လည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။