Connect with us

Hi, what are you looking for?

သတင်း

မီဇိုရမ်မှာဝှက်ထားတဲ့ လက်နက် ၆လက်နဲ့ ကျည်​တွေကို ရဲတပ်ဖွဲ့ ရှာဖွေသိမ်းဆည်း၊ CNF ခေါင်းဆောင်ပိုင်း အပါအဝင် ၅ ဦး အဖမ်းခံရဟုဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့ဟာ လက်နက်ခဲယမ်းတွေ သိုဝှက်ထားတဲ့ နေရာတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း India Today သတင်းဌာနက​ဖော်ပြပါတယ်။

လက်နက်ခဲယမ်း​သိမ်းရတဲ့ သတင်းနဲ့အတူ India Today ​ဖော်ပြခဲ့တဲ့ ဓါတ်ပုံ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့ဟာ လက်နက်ခဲယမ်းတွေ သိုဝှက်ထားတဲ့ နေရာတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း India Today သတင်းဌာနက​ဖော်ပြပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး အေဂျင်စီတစ်ခု ပူးပေါင်းပြီး မာမစ်ခရိုင်၊ အနောက် ဖိုင်လန်း ရဲတပ်ဖွဲ့အပိုင် ဧရိယာထဲမှာရှိတဲ့ ဆိုင်ထားကျေးရွာ အစွန်အဖျား နေရာတစ်ခုကို စီးနင်းရှာဖွေရင်း ​သေနတ် ၆ လက်နဲ့ကျည်​တွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

မီဇိုရမ်မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ တခြား တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားလေ့ရှိပြီး အခု သိမ်းဆည်းရမိမှုဟာ တရားမဝင် စစ်လက်နက်တွေ အများဆုံး ရှာတွေ့တဲ့ ဖြစ်စဉ်တွေထဲက တစ်ခုလို့ ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေဟာ ​သေနတ် ၆ လက်၊ အဲဒီ သေနတ်တွေအတွက် ကျည်အတောင့် ၁၀၀၅၀ တောင့်၊ ကျည်ကတ် ၁၃ ခုတို့ကို သိမ်းဆည်းရမိသလို အမှုနဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၅ ဦးကို ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဖမ်းခံရသူတွေထဲမှာ မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ခေါင်းဆောင်ပိုင်းတစ်ဦး ပါဝင်တယ်လို့လည်း မီဇိုရမ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အဲဒီလက်နက်တွေဟာ CNF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်

ကြောမှာ အခြေစိုက် လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ သွေးစည်းရေး ပြည်သူ့ ဒီမိုကရက်တပ် တပ်ဦး (UPDF-P)ကြား အလဲအလှယ်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သတင်းကဆိုပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး People’s Spring က CNF ကိုဆက်သွယ် မှတ်ချက်​တောင်းဖို့ကြိုးစား​နေဆဲ ဖြစ်ပါတယ် ။

အခုကိစ္စဟာ အိန္ဒိယရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား တရားမဝင် လက်နက် အရောင်းအဝယ်ဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ရှိနေတာကို ထင်ရှား မြင်သာလာစေတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက် ဖိုင်လန်း ရဲစခန်းမှာ မီဇိုရမ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေသလို လက်နက် မှောင်ခို ကွန်ရက်တွေကို ဖော်ထုတ် အရေးယူဖို့ ကြိုးစားနေတယ်လို့လည်း ကြေညာထားပါတယ်။

ကိုးကား – India Today

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။