Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြောက်ကျားတိုက်ခိုက်မှုဆက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဒီဇင်ဘာလ ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစ၍ ဗန်းမော်နှင့်မံစီမြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တစ်လကျော်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရာ ကချင်သတင်းရင်းမြစ်တစ်ဦးက “ထူးခြားချက်တော့ မကြားမိသေးဘူး။ ပုံမှန်ပဲ ပြောက်ကျားစနစ်နဲ့ ဒရုန်းနဲ့ ဒီအတိုင်းတော့ တိုက်ပွဲတွေတော့ နေ့တိုင်း ဒီလိုပဲ ဆက်ဖြစ်နေတယ်လို့ သိရှိထားပါတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

KIAသည် မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ထိုးစစ်အရှိန်ကို တဆင့်ပြီး တဆင့် မြှင့်တင်ဆောင်ရွက်လေ့ရှိသည်။ ဒီဇင်ဘာလကုန်ပိုင်းနှင့် နှစ်သစ်ကူးကာလတွင် ဗန်းမော်နှင့်မံစီ မြို့သိမ်းတိုက်ပွဲများ အနည်းငယ်ငြိမ်သက်ခဲ့သော်လည်း ဇန်နဝါရီ ၆ရက်တွင် ထိုးစစ်အရှိန်မြှင့်ကာ ၃ရက်အကြာတွင် မံစီမြို့ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများဖြစ်သော ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂) တပ်ရင်းများကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၉ရက်မှ ၁၃ရက်များအတွင်း မံစီမြို့မှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို မံစီနှင့် ဗန်းမော်မြို့နယ်ကြားတွင် လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

KIA အနေဖြင့် ဗန်းမော်ရှိ ခလရ(၄၇)၊ စကခ(၂၁) တပ်များအပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး အသက်မသေလိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခုခံတိုက်ခိုက်ခြင်းမပြုဘဲ အမြန်ဆုံးအလံဖြူထောင် လက်နက်ချရန် ကချင်စစ်ရေးသတင်းရင်းမြစ်တို့က တိုက်တွန်းထားသည်။

“အသက်ချမ်းသာရာရမည်။ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပမ်း ဥပဒေအတိုင်းနွေးထွေးစွာ ကြိုဆိုနေပါသည်” ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် လူမှုကွန်ရက်မှတဆင့် တိုက်တွန်းထားသည်။

ဗန်းမော်တိုက်ပွဲအခြေအနေအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။