Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဦးစားပေးမဖြစ်သင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေပြော

ပြည်တွင်းစစ်ကျယ်ပြန့်လာတဲ့ကြားမှာ ရွေးကောက်ပွဲကျင်းမယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အစီအစဥ်ဟာ ဦးစားပေးမဖြစ်သင့်ဘဲ တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနိုင်ငံခြား​ရေး ဝန်ကြီးများ အစည်းအ​ဝေးပြုလုပ်စဥ်။ ဓါတ်ပုံ-ရိုက်တာ

အီယိုရီ/People’s Spring

ပြည်တွင်းစစ်ကျယ်ပြန့်လာတဲ့ကြားမှာ ရွေးကောက်ပွဲကျင်းမယ်ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အစီအစဥ်ဟာ ဦးစားပေးမဖြစ်သင့်ဘဲ တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှာ မနေ့က(ဇန်နဝါရီ ၁၉ရက်) အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ မြန်မာနိုင်ငံမှာ စစ်ဖြစ်ပွားနေတဲ့ ဘက်တွေအနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ အိမ်ရှင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေကို အဟန့်အတားမရှိပေးအပ်ဖို့ အစည်းအဝေးကို တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပြောဆိုခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးအဆင့်ဝန်ကြီးတွေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုလည်း အစည်းအဝေးတက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီး နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်သူ(non-political representative)ကိုသာ တက်ရောက်ခွင့်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

“ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်ဆိုတာ ကျွန်တော်တို့ ပြောထားပါတယ်။ ရွေးကောက်ပွဲက (စစ်အုပ်စုနဲ့ နောက်လိုက်ပေါင်းပါတွေချည်း) သီးခြားဖြစ်လို့ မရပါဘူး။ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးကို ပါဝင်ခွင့်ပေးရပါမယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆက်လက်ပြီး “ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ဦးစားပေးမဟုတ်ဘူးဆိုတာ သူတို့ကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ပါ” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အထက်ပါ အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကို တက်ရောက်ခွင့်ပေးခဲ့ပြီး ၎င်းက ဒီနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအကြောင်း စုစည်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီက နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင််ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်မှစ၍ ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး ဒီမိုကရေစီလိုလားသူများ ဆန္ဒပြတာကတဆင့် နိုင်ငံတဝန်း လက်နက်စွဲကိုင် တော်လှန်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

တိုင်းပြည်အနှံ့စစ်ပွဲများဖြစ်ပွားနေခြင်း၊ နိုင်ငံရေးစီးပွားရေးစုတ်ပြတ်နေခြင်းနဲ့ ဒါဇင်နှင့်ချီ နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းတို့ကို ရှိနေပေမယ့် အာဏာသိမ်းစစ်ကောင်စီဟာ ဒီနှစ်မှာ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ စီစဥ်နေပါတယ်။ အဲဒီရွေးကောက်ပွဲဟာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ အာဏာဆက်လက်ရရှိဖို့ အတုအယောင်ရွေးကောက်ပွဲတစ်ခုအဖြစ် ဝေဖန်သူတွေက ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင်နေကြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဟာ သံတမန်ဟောင်း အို့မန်းဟက်ဟင်းမ်ကို မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေ ၃ပုံ၁ပုံကျော် သန်း ၂၀နီးပါးမှာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

မလေးရှားရဲ့ အထူးကိုယ်စားလှယ်အသစ်ဟာ တိုးတက်မှုမရှိတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်စေရေး ဘက်အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ မကြာခင်မှာ မြန်မာနိုင်ငံသို့ သွားရောက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကိုးကား – Al Jazeera

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...