Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေး PDF နဲ့ စစ်​ကောင်စီတပ် မြို့နယ် သုံးခုမှာ တိုက်ပွဲဖြစ်​နေ

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော

ရှေ့တန်းတ​နေရာက မန္တ​လေး PDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-MDY-PDF

​နေ့သစ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တို့အကြား မတ္တရာမြို့နယ် ၊ ​နောင်ချို မြို့နယ် ၊ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲ​တွေဖြစ်ပွား​နေပါတယ်။

စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှု​တွေသာမက မြေပြင်စစ်ကြောင်း​တွေပါ အင်အားဖြည့်တင်းလာတဲ့အတွက် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာ နဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲ​တွေဖြစ်ပွါး​နေတယ် လို့ မန္တ​လေး PDF က ဇန်နဝါရီ ၂၂ ရက်​နေ့မှာထုတ်ပြန်ပါတယ် ။

“လက်ရှိ ကျွန်​တော်တို့ စစ်ဆိုင်ထားတဲ့ ​နေရာ​တွေအားလုံးမှာတိုက်ပွဲ​​တွေ ပြန်ဖြစ်​နေတယ်လို့​ပြောရင်​တော့ရတယ် ။ လက်ရှိအချိန်ထိ​တော့​သွေးတိုးစမ်းတဲ့သ​ဘောမျိုးထိ​တွေ့တိုက်ပွဲ​တွေ ဖြစ်​နေ​တယ်ဆိုပေမယ့်၊ လက်ရှိ အင်အားဖြည့်​နေတဲ့ ပုံ​တွေကြည့်ရရင်​တော့ မကြာခင်မှာပြန်ပြီး​တော့ အလုံးအရင်းနဲ့ ထိုးလာနိုင်​ခြေရှိတယ်လို့ ​ပြောလို့ရပါတယ်ဗျ”ဟု မန္တ​လေး PDF မှ​ပြော​ရေးဆိုခွင့်ရှိသူ ကို​အော်စမွန်က​ လူထု​နွေဦးကို ​ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တ​လေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာ မတ္တရာမြို့နယ်ထဲက ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ ဆည်​တော်ကြီးရဲစခန်း ၊​ဖ​ယောင်​တောင် စစ်တပ်စခန်း ​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တ​လေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းက ဖြစ်ပါတယ် ။

စစ်တပ်က ၂၀၂၄ နိုဝင်ဘာလမှာ မတ္တရာမြို့နယ် အ​နောက်ပိုင်းက ​ဒေသတွင်း​တော်လှန်​ရေးတပ်​တွေ ထိန်းချုပ်ထားတဲ့စခန်းနဲ့ရွာ​တွေကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။ စစ်တပ်က မတ္တရာ မြို့နယ် အ​နောက်ပိုင်းက ရွာအများစုကို ထိန်းချုပ်ပြီးတဲ့အခါ မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုး တိုက်ခိုက်လာတာဖြစ်ပါတယ် ။

မတ္တရာ မြို့နယ်အ​ရှေ့ပိုင်းကို စစ်​ကြောင်းထိုးလာတဲ့ စစ်တပ်ကို မန္တလး PDF က အကြိမ်ကြိမ်အ​ထိနာပြီး လန်ကျ​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်​​နေ့ကလည်းတော်လှန်ရေးတပ်ဖွဲ့​တွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDFက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ရွာသစ်ရွာ ၊ ဝန်စုရွာ နဲ့ ထိန်ပင်စောက်ရွာတို့မှာရှိတဲ့ စစ်စခန်းများကို အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။အလားတူ ဒီဇင်ဘာ ၁၉ ရက်​နေ့မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်တပ်စခန်းကိုမန္တလေး PDFကထပ်မံတိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းအချို့ပါဖမ်းဆီးရရှိခဲ့ပါတယ်။

ဒါအပြင်နောင်ချိုမြို့နယ် သံဘိုရွာအနီးနဲ့သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ မန္တလေးPDF တို့ အကြား တိုက်ပွဲ​တွေ ခပ်စိပ်စိပ် ဖြစ်ပွါး​နေတယ်လို့ သိရပါတယ် ။

သပိတ်ကျင်းမြို့နဲ့ (၇)မိုင်ပဲဝေးတဲ့ ခုနစ်မိုင်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ် ။အဲဒီရွာအနီးတဝိုက်မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ​နေ အခုထိတိုက်ပွဲ​တွေဖြစ်ပွားနေတာပါ။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်သာကွာ​ဝေးပြီး ရွှေလုပ်ကွက်​တွေရှိတာကြောင့်နာမည်ကြီးတဲ့သပိတ်ကျင်းမြို့ကို PDF ​တွေ ဦး​ဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့​တွေက ၂၀၂၄ သြဂုတ် ၂၅ရက်​နေ့မှာအပြီးသတ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

တိုက်ပွဲ​တွေဖြစ်​နေချိန်မှာ စစ်ကောင်စီက နောင်ချိုမြို့နယ် လူနေရပ်ကွက်များအတွင်း ဇန်နဝါရီလ (၂၁)ရက် နဲ့ (၂၂)ရက်နေ့​တွေမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ​ကြောင့် ​ဒေသခံပြည်သူ​သေဆုံးမှုအများအပြားရှိခဲ့တယ်လို့လည်း မန္တ​လေး PDF စစ်ဦးစီးအဖွဲ့ ကအသိ​ပေးပါတယ် ။

​နောင်ချိုမြို့ကို ဇန်နဝါရီ ၂၂ ရက် ဗုံးကြဲမှုမှာ အနည်းဆုံးပြည်သူ ၁၀ ဦး​သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။