Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို သံတံတားဂိတ်မှ စစ်သား ၃ ဦး လက်နက်နှင့်တကွ PDF ထံ အလင်းဝင်

ထိုင်းသို့အလုပ်သွားလုပ်စဥ် ထိုင်းရဲကဖမ်း၍ စစ်​ကောင်စီလက်အပ်သဖြင့် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူများဖြစ်​နေ

လက်နက်နှင့်တကွအလင်းဝင်လာ​သော စစ်သားသုံးဦး ထံမှ လက်နက်ခဲယမ်းများကို PDF တာဝန်ခံက လက်ခံ ရယူစဥ်။ ဓါတ်ပုံ-အမှတ်(၂) စစ်ဒေသခွဲ အမှတ်(၂၇) စစ်ဗျူဟာ

ဟန်နွေ၊ ​ကျော်​ဇော /People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားဂိတ်၌ တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦး လက်နက်များနှင့်အတူ ပြည်သူ့ဘက် ကူးပြောင်းလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ အမှတ်(၂၇) စစ်ဗျူဟာ နှင့် တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောကြားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံ၍ အလင်းဝင်ရောက်လာသူသုံးဦးသည် မူလက ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး ပတ်စ်ပို့ဖြင့်တရားဝင်သွားခဲ့ခြင်းမဟုတ်ဟုဆိုကာထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး ထိန်းသိမ်းခံခဲ့ရသည်ဟု ဗျူဟာ(၂၇)က အသိပေးသည်။

ထို့နောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရချိန်တွင် ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံအပ်နှံခဲ့ရာကော့သောင်းအခြေစိုက် ခလရ (၂၆၂)မှ ဗိုလ်မှူးတစ်ဦးက၎င်းတို့အား ခေါ်ဆောင်ကာ ပလောက်အခြေစိုက် စစ်သင်တန်းသို့ အတင်းအဓမ္မပို့ဆောင်ခံခဲ့ရသည်။ စစ်သင်တန်း ၃လတက်ရောက်ခဲ့ရပြီး​နောက် စစ်သားအဖြစ်တာဝန်ထမ်းခိုင်းကြောင်း ဗျူဟာ(၂၇)မှ သိရသည်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ဘုတ်ပြင်းအခြေစိုက် ခမရ(၅၅၅) တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည်သံတံတားဂိတ်၌ တာဝန်ကျနေစဉ် စက်တင်ဘာ ၁၅

ရက်၌ အမှတ်(၂၇) စစ်ဗျူဟာသို့ ဆက်သွယ်ကာ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ ရင်ခွင်ခိုလှုံလာခြင်းဖြစ်သည်ဟု အမှတ်(၂၇)စစ်ဗျူဟာတာဝန်ရှိသူက ပြောသည်။

“စကစတပ်သားတွေကို အခွင့်ခါရတာနဲ့ ကျနော်တို့နှင့်အမြန်လာရောက်ပူးပေါင်းကြပါ။ စစ်ခေါင်းဆောင်တွေပြောသလိုမျိုး တော်လှန်ရေးအဖွဲ့တွေဟာ အလင်းဝင်လာတဲ့သူတွေကို သတ်ဖြတ်တာမျိုးလဲမရှိပါဘူး” ဟု ဗျူဟာ (၂၇)တာဝန်ခံကပြောသည်။

အလင်းဝင်လာသူများကို နွေးထွေးစွာ ကြိုဆိုပြီး သွားလိုသည့် ဒေသသို့ ဘေးကင်းစွာ ပို့ဆောင်ပေးကြောင်း လည်းသိရသည်။

“လက်နက်ပါလာရင် ထိုက်တန်တဲ့ဂုဏ်ပြုဆုငွေပေးတဲ့အကြောင်းနဲ့ ပြည်သူဘက်ရပ်တည်ပြီးစစ်ကောင်စီလက်အောက်ကအမြန်ရုန်းထွက်ကြဖို့ ပြောချင်ပါတယ်ခင်ဗျ”ဟု၎င်းကဆက် ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ဦး လက်နက်ဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်ထားပြီး အလင်းဝင်လာသူများသည် လက်နက်ငယ် ၃ လက်၊ ကျည်ဘောက် ၉ ခုဖြင့် လာရောက်ပူးပေါင်းခဲ့‌ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ ဦးကို ဗျူဟာ ၂၇ က ‌ကောင်းမွန်စွာ ကြိုဆိုလက်ခံထားလျက်ရှိပြီး လိုအပ်သည့်ချိတ်ဆက်‌ဆောင်ရွက်မှုများကို ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထပ်မံဝင်ရောက်လိုသည့်သူများ ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နွေးထွေးစွာ ဖိတ်ခေါ်ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။