Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ နှစ်ဦးသေဆုံး၊ လူနာတွေအပါအဝင် ၂၀ထက်မနည်း ဒဏ်ရာရ

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ကဖေး/People’s Spring

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီ၂၅ရက် နေ့လယ် ၁နာရီ၂၅ မိနစ်နဲ့ ၁နာရီ ၂၉မိနစ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

“ဆေးရုံက အရပ်သား‌တွေတက်နေတာပါ။ TNLA ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုပေးနေတာပါ။ အခုသေဆုံးတဲ့အထဲမှာ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပါတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများပါတယ်။ အခြေအနေက စိတ်ပူစရာဖြစ်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1121196946148487

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက ကနဦးသတင်းထုတ်ပြန်ထားပြီး နောက်ဆက်တွဲအခြေအနေကိုထပ်မံထုတ်ပြန်မယ်လို့ ဆိုပါတယ်။

“သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေအများအပြား ဆေးကုသနေတဲ့ ကျောက်မဲဆေးရုံပေါ်တည့်တည့်ကို ဗုံးကြဲချလိုက်သတဲ့။ ဆေးရုံတစ်ခုလုံးလည်း ရစရာမရှိတော့သလို ဆေးရုံးဝင်းတစ်ခုလုံး ငိုသံတွေနဲ့”လို့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနက သတင်းထောက် ကိုမိုင်းအနိုင်က လူမှုကွန်ရက်မှာရေးသားထားပါတယ်။

TNLAဟာ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းမှမိုးကုတ်မြို့ကိုသိမ်းပိုက်ထားတာပါ။

ဒေသအနှံ့ကတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ ဇန်နဝါရီ ၁၂ရက်တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က ထုတ် ပြန်ထားပါတယ်။

စစ်ကောင်စီက လက်ရှိ ဇန်နဝါရီလအတွင်းမှာပဲ ကျောက်မဲမြို့အပြင် နောင်ချို၊ မိုးကုတ်မြို့တို့ကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သားဆယ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook