Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု တောင်ပိုင်းစစ်ဒေသ အသိပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်အား Missile Rocket များဖြင့် ပစ်ခတ်နေစဉ်

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ အမှတ်(၁၈၀၃) SDDF Missile Team နှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများပူးပေါင်း၍ Missile Rocket များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ် အသုံးပြုသော ကားတစီး မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက် မရပေ။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ယာဉ်တစ်စီးပေါ်တပ်ဇင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုရုပ်သံကိုလည်း ဖော်ပြထားသည်။

တောင်ပိုင်းစစ်ဒေသ နယ်မြေ ရေးမြို့နယ်အတွင်း၌ PDF စစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ရေးမြို့နယ်အပါအဝင် တောင်ပိုင်းစစ်ဒေသ နယ်မြေ၌ ယခု ဇန်နဝါရီ ၁၈ရက်မှ ၂၄ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကေငာ်စီတပ်အား ၁၆ကြိမ် တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၇ရက်အတွင်း တိုက်ပွဲများအနက် PDF ဗျူဟာ (၃၃) ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တို့ ပါဝင်သည့် ပူးပေါင်းတပ်သည် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ ခလရ(၃၁)၏ မီးတိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသနှင့် မွန်တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။