Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့ဟု တောင်ပိုင်းစစ်ဒေသ အသိပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်အား Missile Rocket များဖြင့် ပစ်ခတ်နေစဉ်

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာရှိ ဘိုကလေးကျောင်းတိုက်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇန်နဝါရီ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်နဝါရီ ၂၆ရက်) သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ အမှတ်(၁၈၀၃) SDDF Missile Team နှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများပူးပေါင်း၍ Missile Rocket များဖြင့် ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ် အသုံးပြုသော ကားတစီး မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက် မရပေ။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ယာဉ်တစ်စီးပေါ်တပ်ဇင်ထားသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုရုပ်သံကိုလည်း ဖော်ပြထားသည်။

တောင်ပိုင်းစစ်ဒေသ နယ်မြေ ရေးမြို့နယ်အတွင်း၌ PDF စစ်ကြောင်းများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ မွန်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ရေးမြို့နယ်အပါအဝင် တောင်ပိုင်းစစ်ဒေသ နယ်မြေ၌ ယခု ဇန်နဝါရီ ၁၈ရက်မှ ၂၄ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကေငာ်စီတပ်အား ၁၆ကြိမ် တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၇ရက်အတွင်း တိုက်ပွဲများအနက် PDF ဗျူဟာ (၃၃) ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တို့ ပါဝင်သည့် ပူးပေါင်းတပ်သည် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ ခလရ(၃၁)၏ မီးတိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသနှင့် မွန်တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။