Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ် အုမ္မသီးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ တစ်လခန့်အတွင်း သုံးကြိမ် မီးရှို့ဟု TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် မီးရှု့ဖျက်ဆီးမှုကြောင့် အုမွမသီးကျေးရွာမှ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - TNLA)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀ခန့် ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(ဇန်နဝါရီ ၂၆ရက်)တွင် သတင်းထုတ်ပြန်သည်။

အုမ္မသီးကျေးရွာရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီက ၂၀၂၄ ဒီဇင်ဘာ၂၉ ရက်က တစ်ကြိမ်၊ ယခု ဇန်နဝါရီ ၁၉ ရက်တွင် တစ်ကြိမ်နှင့် ယနေ့ (ဇန်နဝါရီ ၂၆ ရက်) ညနေတွင် တစ်ကြိမ် သုံးကြိမ်လာရောက်မီးရှို့ခဲ့ရာ ဒေသခံများ၏ နေအိမ် ၂၀ ခန့်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

အုမ္မသီးကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေူမြန်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“အုမ္မသီး၊အုမ္မခါးဘက်မှာက တိုက်ပွဲလည်း ဖြစ်နေတယ်။ တော်လှန်ရေးတပ်တွေက အဲနေရာတွေမှာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် အဲသဘောဖြစ်နေတယ် ထင်တယ်”ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ ရက်တွင်လည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ရှစ်ဦး သေဆုံးခဲ့သည်။

ထိုပြင် ဇန်နဝါရီ ၂၅ရက်တွင် TNLAသိမ်းထားသည့် ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ဆရာမ နှစ်ဦး နှင့် လူနာတစ်ဦး သေဆုံးကာ လူနာများနှင့် အရပ်သား ပြည်သူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။