Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ် လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ သံသယ တရားခံ တစ်ဦးကို ဖမ်းမိခဲ့ကြောင်း တရုတ်ပြော

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး လူမှောင်ခို ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ အရေးပါတဲ့ သံသယ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်မင်းသား ဝမ်ကျင်းကို ထိုင်းရဲတပ်များနဲ့အတူ​တွေ့ရစဥ်။ဓါတ်ပုံ-AP

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး လူမှောင်ခို ဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိနေတဲ့ အရေးပါတဲ့ သံသယ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံသား သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဝမ်ကျင်ဟာ ထိုင်းနိုင်ငံကနေတဆင့် မြန်မာဖက်ခြမ်း၊ မြဝတီ မြို့နယ်ထဲက နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ လူကုန်ကူး ခံခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း တရုတ်ဟာ ထိုင်း-မြန်မာနယ်စပ်က လူကုန်ကူးမှုတွေ တိုက်ဖျက်ရေးကို ပိုမို အာရုံစိုက်လာခဲ့ပါတယ်။

တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက ယန်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ အဲဒီသံသယ တရားခံကို ထိုင်းနိုင်ငံ အခြေစိုက်တရုတ်သံရုံး၊ ထိုင်းရဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေ ပူးပေါင်း အားထုတ်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယန်ဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ တရုတ်ကို ပြန်လည် ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးတော့ တရုတ်ဟာ မိတ်ဖက် နိုင်ငံတွေနဲ့ပါ လက်တွဲပြီး ငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးမှု အပါအဝင် ဒုစရိုက် ကွန်ရက်တွေကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်အောင် ဆက်လက် အားထုတ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းတုန်းက တရုတ် သရုပ်ဆောင်ဝမ်ဟာ ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့ သွားရောက်ရင်း မဲဆောက်ကနေတဆင့် မြန်မာဖက်ခြမ်းကို လူကုန်ကူး ခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ နယ်စပ်အခြေစိုက် ကျားဖြန့် ကွန်ရက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအာရုံစိုက်ခြင်းကိုခံလာရစေခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသားတွေ ထိုင်း-မြန်မာ နယ်စပ်ဆီ လူကုန်ကူးခံရတဲ့ နောက်ထပ် ဖြစ်စဉ်လည်း ထွက်ပေါ်လာတာကြောင့် ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက် ထိခိုက်မှုတွေ ကြုံတွေ့စေခဲ့ပါတယ်။

မြဝတီ မြို့နယ်ထဲမှာရှိတဲ့ ရွှေကုက္ကိုနဲ့ ကေကေပက်ခ်လို နေရာတွေမှာ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဒေသခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ပူးပေါင်းပြီး တရားမဝင် အွန်လိုင်း ကာစီနို လုပ်ငန်းတွေနဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ထူထောင်ထားပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နိုင်ဖို့အတွက် တရုတ်စကား ပြောဆိုနိုင်သူတွေကို လှည့်စား လူကုန်ကူးဖို့ အားထုတ်နေတာလည်း ဖြစ်ပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် အဖွဲ့အစည်း တစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယ ရှိမှုကြောင့် ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်း အကြီးအကဲတစ်ဦး ရာထူးကနေ ဆိုင်းငံ့ ခံထားရကြောင်း သိရပါတယ်။

ဆောင်းပါး

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။

သတင်း

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။