Connect with us

Hi, what are you looking for?

သတင်း

ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်​ကြောင်း AA ထုတ်ပြန်

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှသိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

ပဲခူး- ရခိုင်အစပ်နေရာများ နှင့် ရက္ခိုင်ရိုးမတောင်တန်းတို့တွင် တိုက်ပွဲများဖြစ်ပွား​နေရာ ရခိုင်ရိုးမအထက်ရှိ မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၆ ရက်တွင် မိုးထိ​တောင်စခန်းအားလည်း​ကောင်း၊ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းမှပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၇ ရက် နှင့် ပွိုင့် (၃၆၉)စခန်းကို ဇန်နဝါရီ ၂၁ရက်တို့တွင် သိမ်းပိုက်ခဲ့​ကြောင်း သတင်းထုတ်ပြန်သည်။

ထိုအပြင်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)တွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် ဇန်နဝါရီ ၂၇ ရက်​နေ့တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်းပြန်ဆုတ်​ပြေးသွား၍လိုက်လံရှင်းလင်း​နေရာ အ​လောင်းနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်းကြောင်းလည်းအသိ​ပေးထားသည်။

(AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှသိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။