Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့လေကြောင်းရန်ကာကွယ်ရန် ဆက်သွယ်ရေးလိုင်းများ အသုံးပြုခွင့် TNLA ပိတ်ပင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံများအား အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို တအာင်းတပ်မတော် (TNLA)က ပိတ်ပင်လိုက်သည်။

ဒီကနေ့ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ (ဓာတ်ပုံ - TNLA)

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံများအား အင်တာနက်နှင့် ဖုန်းလိုင်းဆက်သွယ်ရေးလိုင်းအသုံးပြုမှုကို တအာင်းတပ်မတော် (TNLA)က ပိတ်ပင်လိုက်သည်။

TNLA၏ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယ‌နေ့(ဇန်နဝါရီ၂၈ရက်)ကစ၍ ပိတ်ပင်လိုက်ခြင်းဟု အမိန့်စာ ထွက်ရှိလာသည်။

ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် စစ်ကောင်စီ၏ နောက်ထက်လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်မှ ကင်းဝေးစေရန် အလို့ငှာ အများပြည်သူအားလုံး လိုက်နာဆောင်ရွက်ရန်ဟု အမိန့်စာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အင်တာနက်ဆက်သွယ်ရေး Star Link ဝန်ဆောင်မှုလုပ်ငန်းများ၊CDMA ဖုန်းဝန်ဆောင်မှုလုပ်ငန်းများ ယာယီကန့်သတ်ပိတ်ပင်လိုက်သည်ဟု ပါရှိသည်။

” ဒလန်က သတင်းပေးလို့ အခုလို တိုက်ခိုက်ခံရတယ်ပေါ့။ ခက်တာက ဆက်သွယ်ရေးပြတ်တောက်ရင် ပိုပြီးအခက်အခဲရှိတယ်”ဟု ရန်ကုန်မြို့၌ စစ်ရှောင်နေသော ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ လုံခြုံရေးအတွက် ပိတ်ပင်ခြင်းဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဟု

TNLA၏ ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆိုသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၅ရက်နှင့် ဇန်နဝါရီ ၂၇ ရက်က ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ၊ ညဈေးနေရာ မြို့တော်ခန်းမအပါအဝင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ဦးတည်တိုက်ခိုက်နေသဖြင့် စစ်ရေးသတိရှိရန်၊ လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်TNLA က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။