Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်​တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်​နေ့မှာ ပြည်သူ့အတွက်လက်​ဆောင်​ပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။

(မဲပလီဗျူဟာစခန်းသိမ်းပြီး​နောက်​ စစ်တပ်ထံကသိမ်းရတဲ့ ​ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံ​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​ဝင်​တွေ။ဓါတ်ပုံ-Maung Saung Kha's FB)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။

“အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခက​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ ​ရေးသားထားပါတယ်။

စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ​ဟောင်ဝစ်ဇာ အ​မြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲ​ဘော်​တွေ​အောင်ပွဲခံ​​နေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာ

ဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်း​ရေးသားထားပါတယ် ။

Public Service Announcement

Public Service Announcement

ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅​ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ​ပေး​နေတဲ့ကြားကနေ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး