တာရာ/People’s Spring
ရွှေစက်တော်ဘုရားအနီးရှိ လက်ပတောရွာရဲစခန်းကို ယမန့်နေ (ဖေဖော်ဝါရီ ၁ ရက်)မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းတာဝန်ရှိသူကပြောသည်။
အဆိုပါရဲစခန်းသည် ဒေသခံပြည်သူများကို နည်းလမ်းမျိုးစုံသုံးကာ ဖိနှိပ်ခြင်း နှင့် လူငယ်များကို စစ်မှုထမ်းရန် ဖိအားနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်းတာဝန်ရှိသူကပြောသည်။
“ဒီရဲစခန်းက အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခပေးနေလို့ တိုက်ခိုက်ရတာပါ။ နောက်ပြီး ရွှေစက်တော်ဘုရားက စစ်ကောင်စီတပ်အထိုင်အတွက် အဓိက အင်အားစုရာနေရာဖြစ်နေလို့ပါ”ဟု ၎င်းကဆိုသည်။

Public Service Announcement
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုစာရင်းကို အတည်ပြုနေဆဲဖြစ်ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများ အားလုံးပါးပျက်စီးသွားကြောင်း အဆိုပါတပ်ရင်းကထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းနှင့်အတူ ပေါက်၊ မြိုင်၊ စေတုတ္တရာ၊ မင်းဘူးတို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ Earthquarh Defense Force ၊ Jocker ပျောက်ကြားတပ်ဖွဲ့ နှင့် Young Force တပ်ဖွဲ့တို့ ပါဝင်ကြောင်း အသိပေးထားသည်။
ရွှေစက်တော်ဘုရားအနီးတိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် အထူးသဖြင့် စစ်ကောင်စီတပ်အထိုင်ချထားသည့် ဘုရားရွာ၊ ကိုင်းမကြီးရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ပုဒေါင်းရွာနှင့် သံပုရာကိုင်းကျေးရွာမှ ပြည်သူများ စစ်ကောင်စီတပ်နှင့် အနည်းဆုံးတမိုင်အကွာတွင်နေထိုင်ကြရန်လည်း အဆိုပါတပ်ရင်းကထုတ်ပြန်ထားသည်။
