Connect with us

Hi, what are you looking for?

သတင်း

ရွှေစက်တော်ဘုရားအနီးရှိ အိုးပြင်မဲကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ရာဘုရားအနီးရှိ အိုးပြင်မဲကျေးရွာအား စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၁၁ရက်) နံနက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

မန်းရွှေစက်တော် ရာဘုရားအနီးရှိ အိုးပြင်မဲကျေးရွာအတွင်း တွေ့ရသော စစ်ကောင်စီတပ်သားအချို့။ ဓာတ်ပုံ - စကစ

တရာ/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော် ရာဘုရားအနီးရှိ အိုးပြင်မဲကျေးရွာအား စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၁၁ရက်) နံနက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အင်အား ၁၅၀ခန့်ဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများတစ်ဦးက ပြောသည်။

” ရွှေစက်တော်ဘုရားပွဲကျင်းပဖို့ နယ်မြေရှင်းလင်းရေးဆိုပြီး အိုးပြင်မဲရွာကို မီးရှို့သွားတာပါ။ ရွာတောင်ပိုင်းကစရှို့တာ အိမ်ခြေ ၃၀ လောက်ပါသွားတယ်။ အခုထိ မီးလောင်နေဆဲပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အိုးပြင်မဲကျေးရွာသည် မန်းရွှေစက်တော်ဘုရားအနီးတွင်ရှိပြီး အိမ်‌ခြေ ၁၅၀ကျော်ရှိသည့် ကျေးရွာ ဖြစ်သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး စစ်ကြောင်း နှစ်ကြောင်းဖြန့်ကာ ကျေးရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“ မန်းချောင်းကို ကူးပြီးလမ်းမှာတွေ့တဲ့ ပြည်သူတွေဖမ်းပြီး လမ်းပြလုပ်ခိုင်းတယ်။ ရွာကို မီးထပ်ရှို့တယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းဝင်ရောက်လာသဖြင့် ရွာသားများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် မန်းရွှေစက်တော် ဘုရားအနီး (၃)မိုင်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အနီးနားကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

မန်းရွှေစက်တော်ရာဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ကော်စီက အဆိုပါဘုရားပွဲတော်ကျင်းပရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။

မင်းဘူးနယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်ကောင်စီက မန်းရွှေစက်တော်ရာဘုရားပွဲကို ၂၀၂၅ ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဟု ထုတ်ပြန်ထားပြီး ဘုရားပွဲတော်အတွင်း ဈေးဆိုင်များနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ တင်ဒါလျှောက်လွှာများကို ဒီဇင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိရောင်းချမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

ပွဲတော်ကျင်းပရန်အတွက် စစ်ကောင်စီက ကိုင်းမကြီးရွာအနီး ရွှေစက်တော်ဘုရားအဝင်မုခ်ဝ၊ ဘုရားရွာနှင့် ပဒေါင်းရွာတို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည်။

အဆိုပါစစ်ကောင်စီတပ်သည် မန်းရွှေစက်တော် ဘုရားအနီးတွင် ပေါ်တာဆွဲခြင်း၊ ပြည်သူလူထုထံမှ ပစ္စည်းများလုယက်ခြင်းများပြုလုပ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ကျောက်ပြင်ကန်ကျေးရွာ နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သယ်ယူပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရွှေစက်တော်ဘုရားအနီးရှိ လက်ပတောရွာရဲစခန်းကို ယမန့်နေ (ဖေဖော်ဝါရီ ၁ ရက်)မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းတာဝန်ရှိသူကပြောသည်။