Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စက်ကကျားဖြန့်​တွေဆီ မီးဖြတ်ဖို့ ထိုင်းမှာဒီ​နေ့​ဆွေး​နွေးမယ်လို့ဆို

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီကို ဓာတ်အား မရောက်ရှိတာ သေချာအောင် ဖြတ်တောက်ရေးဆိုင်ရာ အရေးပါတဲ့ အစည်းအဝေး တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဦးဆောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြဝတီ​ဒေသက အ​ဆောက်အအုံအချို့ ။ ဓါတ်ပုံ-Khaosod English

People’s Spring

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီကို ဓာတ်အား မရောက်ရှိတာ သေချာအောင် ဖြတ်တောက်ရေးဆိုင်ရာ အရေးပါတဲ့ အစည်းအဝေး တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဦးဆောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို စစ်တပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဌာနတို့ အပါ အဝင် အဖွဲ့အစည်း ၈ ခုက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး ဓာတ်အားဖြတ်တောက်ရေးကိစ္စကို ဒေသစိတ် ဓာတ်အား ကွပ်ကဲရေးအဖွဲ့ (PAS)ဆီ ထောက်ခံ တင်ပြမှုတွေ မပို့ဆောင်ခင် လိုအပ်မယ့် လုံခြုံရေး အချက်အလက်တွေကို ကနဦး ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း မှန်သမျှဟာ ဥပဒေက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီပဲ ကိုင်တွယ်မယ်လို့လည်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။