Connect with us

Hi, what are you looking for?

သတင်း

မင်းပြားတွင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

အိမ်သွင်/People’s Spring

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

လက်မရွာသည်မူဆလင်ကျေးရွာဖြစ်ပြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းနိုင်သည်ဖေဖော်ဝါရီလ ၁ ရက်နေ့ညက သတ်ဖြတ်ခံရခြင်းဖြစ်သည်။

“အဖွဲ့လိုက်လာတာ။ ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတာ” ဟုမင်းပြားမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဉ်ကို AA၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနက စစ်ဆေးနေကြောင်း သတင်းရရှိသည်။

တိုက်ခိုက်သွားသူများမှာ ARSA တပ်ဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ARSA သည် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုမကြာခဏပြုလုပ်နေသည်ဟု AA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မောင်တောမြို့နယ်၊ကျောက်ပန္ဒူရွာမှ ရသေ့တောင်မြို့နယ် စေတီပြင်ရွာ သို့ လာ သည့် သုံးဘီးကားတစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာအနီးတွင် ARSA အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ထို့အပြင်ဒီဇင်ဘာလ(၂၄)ရက်နေ့ကလည်းမောင်တောမြို့နယ်၊ကြိမ်ချောင်းနှင့် တောင်ပြိုအကြားတွင် စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးလိုက်ပါလာသောခရီးသည်တင်ကားတစ်စီးအား ARSA တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း AAကသတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

​ကျုံပျော်မြို့နယ်ထွေအုပ်နှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာကိုလည်း သတိပေးခံထားရ

သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)၏ တိုက်ခိုက်မည့် အန္တရာယ်ကာကွယ်ရန် ရေကြည်မြို့၊ အမြောက်တပ် -အမတ(၃၄၄)တပ်ရင်းအနီး မြောက်စမ်းကျေးရွာ၌ လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည့် စစ်ကောင်စီက ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာတွင်လည်း လေယာဉ်ကွင်းငယ်တစ်ခု အရေးပေါ် ဆောက်လုပ်နေသည်။

သတင်း

အရပ်ဘက် ပြည်သူလူထုများအား တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်သည်။