Connect with us

Hi, what are you looking for?

သတင်း

ARSA ရန်ကြောင့် နပ်စပ်ရှိ အာရက္ခပြည်သူတွေ ခရီးသွားလာမှု သတိပြုဖို့၊ လုံခြုံရေးတပ်ဖွဲ့ကို သတင်းပို့ သွားလာဖို့ AAထပ်မံ သတိပေး

ARSAအဖွဲ့က ခရီးသွား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၂၃ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်က ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ သတိပြုဖို့၊ မဖြစ်မနေမှသာ သွားလာဖို့၊ လိုအပ်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းပို့ သွားလာဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။

ARSA ခြုံခိုတိုက်ခိုက်ခဲ့တဲ့ခရီးသည်တင်ယာဉ်။ ဓာတ်ပုံ - AA Info Desk

အောက်တိုဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ARSAအဖွဲ့က ခရီးသွား ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၂၃ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပြီး နယ်စပ်က ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ သတိပြုဖို့၊ မဖြစ်မနေမှသာ သွားလာဖို့၊ လိုအပ်ရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းပို့ သွားလာဖို့ ထပ်မံ သတိပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၂ရက်က ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ခရီးသွားယာဉ်ကို ARSAက ခြုံခိုတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့ကြောင်း AAက ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြ အသိပေးရာမှာ အခုလို သတိပေးမှု ထပ်မံဖော်ပြခဲ့တာပါ။

ARSA က အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေတာကြောင့် ပြည်သူတွေ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေ သွားလာချိန်မှာ တစ်ဦးတည်း ဒါမှမဟုတ် လူနည်းစုနဲ့ သွားလာတာ အတတ်နိုင်ဆုံး မလုပ်ဖို့၊ ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ သွားလာကြဖို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခဲ့တဲ့ နေရာပြ မြေပုံ။ ဓာတ်ပုံ – AA Info Desk

အောက်တိုဘာ ၂၂ရက်က ခရီးသည်ယာဉ် ခြုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို ထပ်မံ အသိပေးဖော်ပြရာ အမျိုးသမီး ၂ဦး၊ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး၊ ကားသမား ၁ဦး စုစုပေါင်း ၅ဦးဟာ ရသေ့တောင်မြိုနယ်၊ စေတီပြင်ကျေးရွာကနေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စတဲ့အခြေခံလူသုံးကုန်ပစ္စည်းတွေ ဝယ်ယူပြီး မောင်တောမြို့နယ် ကျောက်ပန္ဒူရွာဘက်ကို ပြန်လာစဉ် မြိုယုရွာ အရှေ့ဘက် တံတား အနီး ARSAက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကားပေါ်ပါလာသူ အားလုံးကို ARSAက ဖမ်းခေါ်သွားပြီး ပစ္စည်းတွေကိုလည်း ယူဆောင်သလို ဖမ်းဆီး ခေါ်ဆောင်သွားသူ ၅ဦးထဲကအသက် ၃၀ အရွယ် မဝေဝေစိုးနဲ့ အသက် ၄၀ အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ သေနတ်ဒဏ်ရာနဲ့ သတ်ဖြတ်ခံရသလို မဝေဝေစိုး အလောင်းအနီးမှာ သူမရဲ့ သမီးငယ် အသက် ၃နှစ် ကလေးကို အသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

ကားမောင်းသူနဲ့ အသက် ၂၅ အရွယ် ခရီးသွား အမျိုးသား ၂ဦးကတော့ ARSA လက်က ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

AA အနေနဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီးထွက်ပြေးသွားတဲ့ ARSA အဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒေသအတွင်းအကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။