ကျော်ဇော/People’s Spring
မကွေးတိုင်း၊ ချောက်မြို့ပေါ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး စစ်မှုထမ်းကိစ္စအတွက်အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးရာတွင်ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးတင်လှ(ခ)ဒေါင်းတင်ဆိုသူအား မြို့ပြင်ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Chauk Guerrilla Force – CGF ၏ ဒုတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီလ ၃ ရက်)နေ့လယ်ပိုင်းက ချောက်မြို့၊ ၁၅ နယ်မြေ၊ တိုးချဲ့ရပ်ကွက်နေ စစ်ကောင်စီထောက်တိုင်ဟုဆိုသူ ဦးတင်လှ(ခ)ဒေါင်းတင်အားသွားရောက်ဖမ်းဆီးပြီး မြို့ပြင်တနေရာ၌ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ မြို့ထဲကို အလစ်အငိုက်ဝင်ပြီးဖမ်းတာ။ မြို့ထဲမှာကြတော့ ပစ်ခတ်လို့မရလို့ မြို့ပြင်တစ်နေရာမှပဲ ပစ်ခတ်ရှင်းလင်းခဲ့တာဗျ”ဟု CGF တပ်ဖွဲ့ ဒုတာဝန်ခံက ပြောသည်။

Public Service Announcement
ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဦးတင်လှ (ခ)ဒေါင်းတင်သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး လူငယ်များအား ပေါ်တာဆွဲ၍ အတင်း အဓမ္မဖမ်းဆီးရာ၌ ကိုယ်တိုင်ဦးဆောင်ပါဝင်ကာ နေအိမ်များကို လိုက်ပြခြင်း၊ အဖမ်းမခံဘဲ ရှောင်တိမ်းနေသည့်လူငယ်အချို့၏ မိ သားစုအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်ဟု Chauk Guerrilla Force – CGF က အသိပေးသည်။
ထို့အပြင် Guerrilla Force – CGF မှ UG ရဲ ဘော်အချို့၏ ကိုယ်ရေးအချက်အလက်များကိုစုံစမ်း၍ စစ်ကောင်စီထံသတင်းပို့တိုင်ကြားခြင်းများလည်း လုပ်ဆောင်ခဲ့သူဖြစ် ကြောင်း CGF တပ်ဖွဲ့က ဆိုသည်။
ထို့ကြောင့် ဦးတင်လှ(ခ)ဒေါင်းတင်သည် ပြည်သူ့အကျိုးစီးပွားအား ဖျက်ဆီးနေသူဖြစ်၍ ယခုကဲ့သို့ မြို့ပြင်သို့ ဖမ်းဆီးခေါ်ဆောင်ကာ ပစ်ခတ်ရှင်းလင်းရခြင်းဖြစ် ကြောင်းလည်း Chauk Guerrilla Force – CGF က ထုတ်ပြန်အသိပေးထားသည်။
အဆိုပါ ဦးတင်လှ(ခ)ဒေါင်းတင်အား CGF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက မြို့ပြင်တစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ရာ ရုပ်အ လောင်းအား စစ်ကောင်စီဘက်မှ ရှာမတွေ့နိုင်သောကြောင့် ကောင်းမွန်စွာမြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်း
သိရသည်။
စစ်ကောင်စီထောက်တိုင်ဟုဆိုသူ ဦးတင်လှ (ခ)ဒေါင်းတင်ထံမှ သိမ်းဆည်းရရှိသော မှတ်ပုံ
တင်ကတ်နှင့် လက်ကိုင်ဖုနအားတွေ့ရစဥ်။
ဓာတ်ပုံ – CGF
