Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်လိုက်သဖြင့် မြဝတီပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံ လည်ပတ်မှုရပ်ဆိုင်း

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

မြဝတီမြို့လမ်းမကြီး တနေရာကို ၂၀၂၄ ဧပြီက တွေ့ရစဉ်။ ဓာတ်ပုံ-People's Spring

ဒီးဒီ/People’s Spring

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၅ရက်) နံနက် ၈နာရီခွဲကစ၍ ထိုင်းအစိုးရက နယ်စပ်ဒေသများရှိ မြန်မာနိုင်ငံဘက်ခြမ်းမြို့များပေးပို့ပေးနေသည့် လျှပ်စစ်မီးကို စတင်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

“မြဝတီမီးဖြတ်လိုက်တာတော့ အဓိကတော့ ပြည်သူတွေ ထိခိုက်တာပေါ့။ အဓိကတော့ ပြည်သူ့ဆေးရုံကြီးထိခိုက်တယ်။ ပြည်သူ့ဆေးရုံကြီးကို ပေးပို့နေတဲ့ အောက်ဆီဂျင်စက်ရုံ လည် ပတ်တာတွေ ထိခိုက်တယ်။ အဲဒါတော့ တော်တော်လေးဆိုးဆိုးရွားရွားဖြစ်တာပေါ့”ဟု မြဝတီဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၄ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာသည် မြဝတီဒေသရှိ ကျားဖြန့်ဂိုဏ်းများသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းလည်ပတ်နေမှုအပေါ် တားဆီးရန် လျှပ်စစ်မီးပေးပို့မှုကို ရပ်တန့်ရမည်ဟု ပြောဆိုပြီး နောက်တစ်ရက် ယနေ့ နံနက်တွင် စတင်ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

“အောက်ဆီဂျင်စက်ရုံကတော့ အဓိက ဆေးရုံကိုပေးနေတာပေါ့။ ဆေးရုံမှာက လူနာများတယ်။ အဲဒီလူနာတွေကမှ မရှိဆင်းရဲသားတွေ။ ငွေကြေးမတက်နိုင်လို့ ပြည်သူ့ဆေးရုံမှာတက်ကြတာလေ။ ငွေကြေးတက်နိုင်တဲ့သူကတော့ ပုဂ္ဂိလိကဆေးရုံမှာတက်ကြတာပေါ့။ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့။”ဟု မြဝတီဒေသခံက ပြောသည်။

ထိုင်းအစိုးရသည် ကျားဖြန့်ဂိုဏ်များအား တားဆီးလို၍ မြဝတီမြို့သို့ လျှပ်စစ်မီးပေးပို့မှုဖြတ်တောက်မှုမှာ အဖြေမှန် မဟုတ်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

” ရွှေကုက္ကိုလ်နဲ့ ကေကေပက်ခ်ကို မီးဖြတ်ချင်တာဟုတ်ပေမယ့် သူတို့က မီးဖြတ်လည်း မီးစက်တို့ ဆိုလာတို့ဆိုတာ ပိုက်ဆံရှိတဲ့သူတွေအတွက် ဘာမှမခက်ဘူး။ မြို့ပေါ်က လူတွေက မီးမရှိရင် ဘာမှလုပ်လို့မရတော့ဘူး”ဟု မြဝတီဒေသခံ အခြားတစ်ဦးက ပြောသည်။

ထို့အပြင် မြို့ရှိ အခြားအလုပ်ရုံများနှင့် စားသောက်ဆိုင်များမှာလည်း လျှပ်စစ်မီးမရှိတော့၍ အခက်ကြုံနေရသည်ဟု ဆိုသည်။

ထိုင်း – မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများရှိသည်ဟု သံသယဖြင့် မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီးနှင့် အင်တာနက် ပေးပို့မှုများကို ယနေ့ကစ၍ ဖြတ်တောက်ရန် ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ(NSC)က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံဒေသဆိုင်ရာ လျှပ်စစ်အာဏာပိုင်ဌာန (PEA)က နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ခြမ်းရှိ ဧရိယာ ၅ ခုသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးထားပြီး မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ ဖြစ်သည်။

မြဝတီမြို့၏ ဓာတ်အားလိုအပ်ချက် ၉၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ ပေးပို့နေသည်ဟု ဆိုသည်။

မနက်ဖြန်(ဖေဖော်ဝါရီ ၆ရက်)တွင်လည်း နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့သို့ ထိုင်းအစိုးရအရာရှိတစ်ဦးလာရောက်မည်ဟု သတင်းများထွက်ပေါ်နေသည်။

ထို့အပြင် ထိုင်း – မြန်မာနယ်စပ်တလျှောက်ကိုလည်း ထိုင်းစစ်တပ်က လုံခြုံရေးအပြည့်ချထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။