Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမီးဖြတ်​​​သော်လည်း မီးစက်များဖြင့် မီးလင်းနေ​သော KK Park

ထိုင်းအစိုးရက မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ယနေ့(​ဖေ​ဖော်ဝါရီ ၅ရက်) ညဦးပိုင်း၌ မြင်တွေ့ရသည်။

ဓာတ်ပုံ - People's Spring

People’s Spring

ထိုင်းအစိုးရက မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ယနေ့(​ဖေ​ဖော်ဝါရီ ၅ရက်) ညဦးပိုင်း၌ မြင်တွေ့ရသည်။

ယနေ့နံနက် ၈နာရီခွဲကစ၍ ထိုင်းအစိုးရက မြဝတီမြို့၌ နှစ်နေရာ၊ မွန်ပြည်နယ်၌ တစ်နေရာနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ နေရာနှစ်ခုတို့ဆီ ပို့ပေးနေသည့် လျှပ်စစ်မီးပေးပို့မှုဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်ခြမ်းမှ ကျားဖြန့်လုပ်ငန်းများကို ထိန်းချုပ်ရန်အတွက် နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ထိုင်းအစိုးရက ယမန်နေ့က လျှပ်စစ်မီးအပြင် အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံက မြဝတီဒေသသို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

လျှပ်စစ်မီး စတင်ဖြတ်တောက်လိုက်ပြီးနောက် မြဝတီမြို့ဒေသခံများသည် စက်သုံးဆီကြိုတင်ဝယ်ယူစုဆောင်းများ လုပ်ဆောင်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်က​လေ​ကြောင်းသုံးတိုက်ခိုက်​နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ