Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်း​တွေ ကမ္ဘောဒီးယား နယ်စပ်ဆီ ရွှေ့ပြောင်းနိုင်ခြေကို ထိုင်းရဲတပ်ဖွဲ့ သတိပေး

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဆီ ရွှေ့ပြောင်းကြမယ့် အခြေအနေကို တားဆီးဖို့ ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား ရဲတပ်ဖွဲ့​တွေနဲ့ ​ဖေ​ဖော်ဝါရီ လဆန်းမှာ မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းဆက်စပ် ပစ္စည်း​တွေကိုထိုင်းရဲတပ်ဖွဲ့ဖမ်းမိစဥ်။ ဓါတ်ပုံ-Khaosod English

People’s Spring

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဆီ ရွှေ့ပြောင်းကြမယ့် အခြေအနေကို တားဆီးဖို့ ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ သက်ချိုင် ပီတာနီလာဘုထ်က ဖေဖော် ဝါရီ ၆ ရက်နေ့မှာ ပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာ မြန်မာဖက်ခြမ်း မြဝတီမြို့နယ်မှာ အခြေ စိုက်တဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့ လိုကြောင်း သတိပေးခဲ့ပါတယ်။ သူဟာ ထိုင်းရဲ့ လူမှောင်ခိုမှု တိုက်ဖျက်ရေးနဲ့ နည်းပညာ အခြေပြု ဒုစရိုက်မှုများ တားဆီးရေး ဌာနတွေကိုလည်း ဦးဆောင်နေသူပါ။

ထိုင်းအစိုးရဟာ နယ်စပ်အခြေစိုက်ကျားဖြန့် လုပ်ငန်းတွေဆီ ဓာတ်အား မရောက်ရှိဖို့အတွက် မြန်မာနဲ့ နယ်စပ် ဧရိယာတွေဆီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို ရပ်တန့်လိုက်သလို ကျားဖြန့် လုပ်ငန်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့လည်း အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ အကျိုးဆက်အဖြစ် ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းနဲ့ ထိစပ်ရာကမ္ဘောဒီးယားနိုင်ငံဖက်ခြမ်းကို ရွှေ့ပြောင်းဖို့ စီစဉ်လာနိုင်ကြောင်း သက်ချိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအတွက် ကျားဖြန့်လုပ်ငန်းသုံး ကိရိယာတွေ၊ တခြားပစ္စည်းတွေ အလုံးအရင်းနဲ့ သယ်ယူတာတွေကို နိုးနိုးကြားကြား စောင့်ကြည့်ပြီး ကြားဖြတ် ဟန့်တားမယ့် အစီအမံမျိုးတွေကို ကြိုတင် ပြင်ဆင်ထားရမယ်လို့လည်း သက်ချိုင်က ပြောပါတယ်။

ပြီးတော့ ကမ္ဘောဒီးယား နယ်စပ်ဖက်ကို ဦးတည်နေတဲ့ နိုင်ငံခြားသားတွေကို တွေ့ရင်နောက်ကြောင်းအချက်အလက်၊ ခရီးသွားလာမှု မှတ်တမ်းနဲ့ တခြားအချက်အလက်တွေ ပိုမို သတိပြု စစ်ဆေးဖို့လည်း သက်ချိုင်က ညွှန်ကြားခဲ့ပါတယ်။

အဲဒီအစီအစဉ်တွေကို အကောင်အထည် ဖော်ရာမှာ လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့နဲ့ တခြား အေဂျင်စီတွေကြား ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ကျားဖြန့်ဂိုဏ်းတွေကထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဆီ လုပ်ငန်းရွှေ့ဖို့ ဖုန်းအလုံးရေ ၁၂၅၀ ကျော်၊ ဖုန်းဆင်မ်ကတ် ၂၇၀ ကျော်နဲ့ ကွန်ပျူတာ အလုံး ၂၀ နီးပါးကို ပစ်ကပ်ထရပ်

ကား တစ်စီးပေါ် တင်ဆောင်လာတာကို မဲရမတ်မှာ ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။