Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အာဏာသိမ်းမှု အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် အရေးပေါ်ကာလ သမ္မတထရန့် ၁နှစ်သက်တမ်းတိုး

မြန်မာ့စစ်အာဏာသိမ်းမှုက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်၊ ထူးကဲစွာခြိမ်းခြောက်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်ကာလသက်တမ်း ၁နှစ်တိုးမြှင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

အီယိုရီ/People’s Spring

မြန်မာ့စစ်အာဏာသိမ်းမှုက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်၊ ထူးကဲစွာခြိမ်းခြောက်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်ကာလသက်တမ်း ၁နှစ်တိုးမြှင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထိုစဉ်က သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာ့စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအခြေအနေများက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ် ထူးကဲသောခြိမ်းခြောက်မှုများကို ကိုင်တယ်ဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွါးရေးဆိုင်ရာအာဏာများအက်ဥပဒေအရ အရေးပေါ်အခြေအနေ အတည်ပြုပြဌာန်းခဲ့ပါတယ်။ အဲဒါကို စစ်အာဏာ သိမ်းမှု ၄ နှစ်အတွင်း နှစ်စဉ်သက်တမ်းတိုးခဲ့ရာ လက်ရှိသမ္မတ ထရန့်ကလည်း ဖေဖော်ဝါရီ ၄ရက်မှာ လက်မှတ်ရေးထိုး သက်တမ်းတိုးခဲ့တာပါ။

“မြန်မာ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အမေရိကန်က လုံးလုံးပစ်မထားဘူးလို့ မျှော်လင့်ရတယ်။ ထရန့်အစိုးရကလည်း စစ်အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာကို ပြသတာဖြစ်တယ်။ အခုလို သက်တမ်းတိုးတာက အာဏာသိမ်းမှုနောက်ပိုင်းလုပ်ဆောင်ခဲ့တဲ့ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်မယ့်သဘောပဲ” လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖေါ်ဝါရီ၁ ရက်အာဏာသိမ်းမှုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ သတင်းစာဆရာများနဲ့ ဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီး ချုပ်နှောင်ကာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ထူးထူးခြားခြား ခြိမ်းခြောက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ကာတာ အစိုးရက လက်ဆောင်ပေးထားတဲ့ ဇိမ်ခံလေယာဉ်ကြီးကို အမေရိကန် လွတ်လပ်ရေးနေ့မှာ သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် စတင် အသုံးပြုဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

စစ်တိုက်ဖို့ထက် အမေရိကန်နဲ့ ညှိဖို့ကိုပဲ အီရန်က လိုလားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။