Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်း စည်ရှည်တံတားဖွင့်ပွဲ စစ်ကောင်စီခေါင်းဆောင်တက်ရောက်မယ်

မန္တလေးနန်တွင်း ကျုံး အနောက်ဖက်ခြမ်းက စည်ရှည် တံတား ဖွင့်ပွဲကို မနက်ဖြန်( ဖေဖော်ဝါ ရီ ၈ ရက်) မနက်ပိုင်းမှာပြုလုပ်မှာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် တက်ရောက်မယ်လို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူထံကတဆင့်သိရပါတယ်။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ စစ်ကောင်စီခေါင်းဆောင်လာရောက်ခဲ့စဉ် (ပုံဟောင်း)

ဆိုင်းမင်း/People’ Spring

မန္တလေးနန်တွင်း ကျုံး အနောက်ဖက်ခြမ်းက စည်ရှည် တံတား ဖွင့်ပွဲကို မနက်ဖြန်( ဖေဖော်ဝါ ရီ ၈ ရက်) မနက်ပိုင်းမှာပြုလုပ်မှာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် တက်ရောက်မယ်လို့ မန္တလေး စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူထံကတဆင့်သိရပါတယ်။

မကြာခင်က ပြန်လည် တည်ဆောက် ပြီးစီးခဲ့တဲ့ ကျုံးအနောက်ဘက်ခြမ်းက စည်ရှင် တံတားကို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။

ကျုံးအနောက်ခြမ်း မှာ စည်ရှည်တံတား နဲ့ အာဠဝီ တံတား တို့ ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကြောင့် ပျက်စီးထိခိုက်ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တံတားနှစ်စင်းအနက် အာဠဝီ တံတား ကို ပြန်လည်တည်ဆောက်ခဲ့ပေမယ့် စည်ရှည် တံတားကိုတော့ အခုမှ ပြန်လည်တည်ဆောက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းခွင် ကို စစ်ကောင်စီခေါင်းဆောင် လာရောက် စစ်ဆေးခဲ့တာရှိပါတယ်။

မန္တလေး နန်းတွင်းဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တောင်ပိုင်းကို စစ်ရေး တာဝန်ယူတဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတာပါ။

လက်ရှိ ကျုံးအနောက်ခြမ်းက ဝင်ထွက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေဟာ အာဠဝီ တံတား ကို အသုံးပြုနေတာပါ။

ကြေးမုံ တံခါး ခေါ် အာဠဝီ တံတား ဟာ ကုန်းဘောင်ခေတ်နှောင်းပိုင်း ဘုရင့်ဆွေမျိုးတွေ ၊ မှုးမတ်တွေနဲ့ စစ်သေနာပတိတွေ ဆုံးပါးရင် ရုပ်အလောင်းထုတ်ရာ တံတားဖြစ်လို့ အမင်္ဂလာတံတားလို့ သတ်မှတ်ခံရပါတယ်။

အခုမှ စည်ရှည်တံတားကို စစ်ကောင်စီခေါင်းဆောင်က ပြန်လည်ပြင်ဆင်တာက အာဠဝီ တံတား ကို ယတြာအရ အသုံးမပြုစေလိုတာ ကြောင့် ဖြစ်နိုင်တယ်လို့ မန္တလေးမြို့ခံအချို့က ယူဆနေကြပါတယ်။

မနက်ဖြန်ပြုလုပ်မယ့် တံတားဖွင့်ပွဲအတွက် ကျုံးအနောက်ခြမ်း ကို ဒီနေ့ ကစတင်ပြီး အသွားအလာ ကန့်သတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကောင်စီလုပ်မယ့် မန္တလေးမြို့ ကျုံးဘေးက နှစ်သစ်ကူးပွဲကို ရှောင်ရှားဖို့ Brave Warriors for Myanmar အဖွဲ့က သတိပေးလိုက်ပါတယ်။

သတင်း

ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက မန္တလေးမြို့က ကျုံးဘေးမှာ နှစ်သစ်ကူးပွဲကျင်းပဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။