Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​ဒေသသို့ စစ်​ကောင်စီကပါ စက်သုံးဆီဖြတ်​တောက်

ထိုင်းအစိုးရ၏ လျှပ်စစ်မီးနှင့် လောင်စာဆီပိတ်ဆို့ဖြတ်တောက်ခံထားရသော မြဝတီဒေသကို စစ်ကောင်စီအဖွဲ့ကပါ လောင်စာဆီတင်ပို့မှု တားမြစ်ကန့်သတ်လိုက်ကြောင်း အဆိုပါမြို့ဒေသခဲများက ပြောသည်။

မြဝတီမြို့၌ စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေကြသော မြို့ခံများအား ဖေဖော်ဝါရီ ၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - People's Spring

■တရုတ်၏ ​စေခိုင်းမှုဖြင့် ထိုင်းနှင့် စစ်​ကောင်စီက မြဝတီ​ဒေသကို စက်သုံးဆီဖြတ်​တောက်ခြင်းဟု ​ဒေသခံအချို့​ပြော

ရဲခေါင်၊ဒီးဒီ/People’s Spring

ထိုင်းအစိုးရ၏ လျှပ်စစ်မီးနှင့် လောင်စာဆီပိတ်ဆို့ဖြတ်တောက်ခံထားရသော မြဝတီဒေသကို စစ်ကောင်စီအဖွဲ့ကပါ လောင်စာဆီတင်ပို့မှု တားမြစ်ကန့်သတ်လိုက်ကြောင်း အဆိုပါမြို့ဒေသခဲများက ပြောသည်။

ထိုင်းအစိုးရသည် လူကုန်ကူးမှုများရှိရာ ကရင်ပြည်နယ် မြဝတီဒေသသို့ ပေးပို့နေသည့် လျှပ်စစ်မီးနှင့် လောင်စာဆီကို ဖေဖော်ဝါရီ ၅ရက် နံနက်ကစ၍ ပိတ်ဆို့ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မီးဖြတ်မှုနောက်ဆက်တွဲအနေဖြင့် မြဝတီမြို့၌ ချက်ချင်းဆိုသလို ဓာတ်ဆီဈေးမြှင့်တက်လာမှုဒဏ်ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၅ရက် မတိုင်မီက စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ၃၅၀၀ ခန့်သာရှိနေသော်လည်း မီးဖြတ်ခံရအပြီးတွင် တစ်လီတာ ကျပ် ၆၀၀၀မှ ကျပ် ၈၀၀၀ခန့်အထိ ခုန်တက်လာကြောင်း မြဝတီမြို့ခံများက ပြောသည်။

ထိုင်းအစိုးရက မြဝတီဒေသသို့ လျှပ်စစ်မီးနှင့် လောင်စာဆီပိတ်ဆို့ဖြတ်တောက်အပြီး ၂ရက်အကြာဖေဖော်ဝါရီ ၇ရက် ညနေပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကလည်း မြဝတီဒေသသို့ လောင်စာဆီတင်သွင်းမှုကို ပိတ်ဆို့တားဆီးခဲ့ကြောင်း မြဝတီဒေသခံများက ပြောသည်။

“စစ်ကောင်စီကပါ မြဝတီကို ဆီတင်ပို့မှုပိတ်လ်ိုက်ပြီ။ တရုတ်ခိုင်းတာကို ထိုင်းရယ် စကစရယ် BGFကို ပူးသတ်တာက ပြည်သူတွေ ခံရတော့မယ်။ ကျားဖြန့်တွေဆိုတာ ပိုက်ဆံရှိတဲ့သူတွေ။ ပြည်သူတွေပဲ ခံရမှာ”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွက်မှ ကရင်ပြည်နယ်သို့ သွားရာလမ်းပိုင်းများ၌ မြဝတီဒေသသို့ တင်ပို့မည့် လောင်စာဆီသယ်ယူမှုများကို တားမြစ်လိုက်ခြင်းဟု ဆိုသည်။

” မွန်ပြည်နယ်ကတော့ ရသေးတယ်။ဒါပေမယ့် ကရင်ပြည်နယ်အဆင်းဆိုရင် စက်သုံးဆီနဲ့ပတ်သက်တာမှန်သမျှ ကားထဲ ဆီထည့်တာပဲ လက်ခံတယ်။ပုံးတွေနဲ့ သယ်တာမရတော့ဘူး။ ရေသန့်ဘူးခွံတောင်လက်မခံတော့တာ။စစ်တပ်က ပိတ်လိုက်တာလေ”ဟု မော်လမြိုင် – မြဝတီပြေးဆွဲသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

မြို့ဒေသခံများမှာ စက်သုံးဆီကို တန်းစီဝယ်ယူခဲ့ရသည်။

ထိုင်းနိုင်ငံက မြဝတီမြို့သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းလည်ပတ်မှု စတင်ထိခိုက်နေသည်ဟု အဆိုပါမြို့ဒေသခံများက လူထုနွေဦးသို့ ပြောထားသည်။

မြဝတီမြို့နယ်သို့ ပေးပို့နေသည့် လျှပ်စစ်မီးဖြတ်တောက်လိုက်သော်လည်း အင်းကြင်းမြိုင်ဒေသရှိ KK Parkတွင် မီးစက်များထွန်း၍ မီးထွန်းအသုံးပြုနေသည်ကို ဖေ​ဖော်ဝါရီ ၅ရက် ညဦးပိုင်း၌ မြင်တွေ့ရသည်။

Civil Socity Network (CSN) ကလည်းတရုတ်နိုင်ငံသားများအပါအဝင် လူဦးရေ ၆,၀၀၀ကျော်သည်မြဝတီဒေသက ကျားဖြန့်လုပ်ငန်းများတွင် ပိတ်မိနေသည်ဟု ထုတ်ပြန်ထားသည်။

ထိုင်း – မြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် နှင့် ကျားဖြန့်လုပ်ငန်းများတွင် ထိုင်းပါဝင်မှု မရှိ​ကြောင်း ပြသရန် ထိုင်းအစိုးရက မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။

ထို့သို့ဖြတ်တောက်မှုအပေါ် တန်ပြန်သည့်အနေဖြင့် စစ်ကောင်စီ ထောက်ခံသူ အမျိုးသားရေးဆိုသူများက နယ်စပ်ဂိတ်များပိတ်ပေးရေးနှင့် ထိုင်းကုန်စည်များ မသုံးစွဲရေးဟုဆိုကာ ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက်တွင် လူဦးရေ ဆယ်ဂဏန်းဖြင့် ဆန္ဒပြခဲ့ကြသည်.

အဆိုပါဆန္ဒပြမှုမှာ စစ်ကောင်စီ၏ စေခိုင်းမှုဖြင့် နယ်စပ်ဒေသတည်ငြိမ်မှုမရှိစေရန် လှုံ့ဆော်ဆန္ဒပြမှုဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။