Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်များကို စစ်​ကောင်စီကစိတ်ကြွဆေးကျွေး၍ စစ်တိုက်ခိုင်းနေ

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓါတ်ပုံ-အမှတ် (၁) စစ်​ဒေသ ချင်းညီ​နောင်

ကဖေး/People’s Spring

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

“ကျတော်တို့ ဖမ်းမိတဲ့ စစ်သင်တန်းဆင်းတွေကပုံမှန်အခြေနေမဟုတ်ဘူး။ မေးကြည့်တဲ့အခါ စိတ်ကြွဆေးပြားတွေ တစ်နေ့တပြားစီနေ့တိုင်းတိုက်တယ်လို့ပြောတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းပြီးခဲ့သည့်ဇန်နဝါရီလကတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းအချို့၏ဝန်ခံချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီသည်စစ်သင်တန်းဆင်းများ၊ပြည်သူ့စစ်များနှင့်ပျူစောထီးများကိုလည်းစိတ်ကြွဆေးများ တိုက်၍ အရပ်သားနေအိမ်များအားမီးရှို့ခိုင်းခြင်း၊ စစ်တိုက်ခိုင်းခြင်းများပြုလုပ်နေသည်ဟုစစ်သုံပန်းအချို့က ထုတ်ဖော်ဝန်ခံဖူးသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာအနီးတွင်၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၆ရက်နေ့တွင်တိုက်ပွဲ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့တန်း၌မူးယစ်ဆေးဝါးသုံးစွဲ‌သလို စစ်သင်တန်းဆင်းများကိုလည်း မူးယစ်ဆေးသုံးခိုင်း၍ စစ်တိုက်ခိုင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၂၄ အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်လည်း ဖမ်းမိခဲ့သည့်စစ်သုံ့ပန်း ၁၀၀ကျော်ရှိခဲ့ပြီး ၎င်းတို့တွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို တွေ့ရပြီး သိမ်းပိုက်ခဲ့သည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် ၁၈ ထုပ်၊ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူ(အထုပ်သေး ၁၂၈၅ခု သိမ်းဆည်းရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ မဲပလီစခန်းသိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက လေကြောင်းမှလာချသည့် ရိက္ခာထုပ်များအတွင်း စိတ်ကြွဆေးပြားများတွေ့ရှိရသည်ဟု မြေပြင်မှသတင်းကြီးမြစ်တဦးကပြောသည်။

အဆိုပါစခန်းကို ဖေဖော်ဝါရီလ ၁ ရက်တွင် KNLA ၊PDF၊BPLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀နီးပါးကို သုံးပန့်အနေဖြင့်ဖမ်းမိထားပြီး ၎င်းတို့ထဲတွင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသော စစ်သင်တန်းဆင်းအချို့ပါဝင်ကြောင်း သတင်းရရှိသည်။

အာရက္ခတပ်​တော်က ​မောင်​တောမြို့ရှိ နခခ (၅)ကိုထိုးစစ်ဆင်သိမ်းပိုက်စဥ် အတွင်း၌ပိတ်မိပြီးအစာ​ရေစာပြတ်၍ ဒုက္ခ​ရောက်​နေ​သဖြင့် စစ်သားအချို့ကအကူအညီ​တောင်း​ရန် ရိုက်ကူးခဲ့​သောရုပ်သံမှတ်တမ်းတွင်လည်း စစ်သားတစ်ဦးမှာ မူးယစ်​ဆေးသုံး​နေသည်ကို​တွေ့ရသည်။

စစ်​ကောင်စီက အဓမ္မစု​ဆောင်းထား​သောစစ်သားသစ်များကို သင်တန်းဆင်းပြီး စိတ်ကြွ​ဆေး​ကြွေး၍စစ်တိုက်ခိုင်း​​နေမှုမှာ ​နေရာအားလုံးတွင်လည်းသို့မဟုတ် အချို့​ဒေသများတွင်လားဆိုသည်ကိုမူ People’s Spring က စုံစမ်း​နေဆဲဖြစ်ပါသည်။

စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်အမျိုးသားများအား အဓမ္မစု​ဆောင်း၍ အတင်းအကျပ်စစ်သင်တန်းပေး​​​နေသည်မှာ သင်တန်းအမှတ်စဥ် ၉ ရှိပြီဖြစ်သည်။ စစ်သင်တန်းဆင်းများသည် လအနည်းငယ်အတွင်း ရှေ့တန်းသို့ပို့ဆောင်ခံရပြီး ထိခိုက်သေဆုံးမှုများသလို တော်လှန်ရေးအင်အားစုများကလည်း အများအပြားဖမ်းမိထားသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းရှိ စစ်တပ်လက်​အောက်ခံ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့တွင်လည်း တပ်သားများကိုစိတ်ကြွ​ဆေးများပုံမှန်​ပေး​ဝေ၍ စစ်တိုက်ခိုင်း​နေ​ကြောင်းစုံစမ်းသိရသည်။

“လူငယ်တွေကို စစ်တပ်ထဲထည့်ပြီး စာရိတ္တကိုလည်းဖျက်ဆီး၊ မူးယစ်ဆေးစွဲအောင်လည်းလုပ်နေတာ။ သူတို့မှာ စိတ်ကြွဆေးပြား အလျှံအပယ် ရှိနေတာ။ မြို့ပေါ်ကလူတွေ နေသာသလိုနေရင်တော့ ပိုဆိုးလာလိမ့်မယ်” ဟု ဘုတလင်မြို့မှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

နယ်မြို့များအပြင် ရန်ကုန်နှင့်မန္တလေးကဲ့သို့မြို့ကြီးများတွင်လည်း လူငယ်များအား ဖမ်းဆီးပြီး စစ်သင်တန်းသို့ပို့နေသည်။မန္တလေးမြို့တွင်အသက်၁၈နှစ်မပြည့်သေးသည့် လူငယ်များကိုပါ ဖမ်းဆီးပြီး အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးကာ စစ်သင်တန်းသို့ ပို့ဆောင်နေကြောင်း မြို့ခံများကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကမန္တလေးမြို့တွင် လူငယ် ၂၃၇ ဦး ထက်မနည်းသည် စစ်‌‌ကောင်စီ၏ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရကြောင်း မန္တလေးလူထုသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။ ကလေးမြို့တွင်လည်း စစ်ကောင်စီက ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်း လူငယ်၁၈၅ဦးကို ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည်အတင်းအဓမ္မစစ်သားစုဆောင်းထားသူများကို သုံးလခန့်သင်တန်းပေးပြီးနောက် ရှေ့တန်းသို့ချက်ချင်း​သေလွှတ်နေ​သော​ကြောင့်တိုက်ပွဲများတွင် သင်တန်းဆင်းစစ်သားသစ်များ​သေဆုံးမှုများကြောင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်သားစုဆောင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံပူးပေါင်းရန် တိုက်တွန်းထားသည်။

စစ်သားသစ်စု​ဆောင်းသင်တန်း​ပေးခံ​သောလူငယ်တစ်ဦးက လူငယ်များအ​နေဖြင့် စစ်သားသစ်စု​ဆောင်းမခံရ​စေရန်ထွက်​ပြေးကြခြင်းမှာအ​ကောင်းဆုံးဖြစ်ပြီး တပ်တွင်း​ခေါ်ယူခံရပါက စစ်တပ်က​ ကြွေး​သော​ဆေးကိုစားပြီးပါက စိတ်မှာပုံမှန်မဟုတ်​တော့၍ တပ်ထဲ​ရောက်မှပြန်ထွက်​ပြေးရန်မှာအခက်အခဲရှိ​ကြောင်း​ပြောသည်။

(ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင်​တော်လှန်​ရေးတပ်များက စစ်​ကောင်စီရဲစခန်းအတွင်းမှသိမ်းဆည်းရရှိ​သောဘိန်းဖြူ ၊ဘိန်းမည်း မူးယစ်​ဆေးဝါးထုပ်များ နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့စစ်ကူပို့​သောသင်တန်းဆင်းစစ်သားသစ်အများစုကို ချင်းညီ​နောင်က စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထား​သောစစ်သားသစ်များထမင်းစား​နေစဥ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ