Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများ အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးပြော

ထိုင်း – မြန်မာနယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ် အတောက်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jianက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jianအား တွေ့ရစဉ်။ ဓာတ်ပုံ - တရုတ်သံရုံး

ရဲခေါင်/People’s Spring

ထိုင်း – မြန်မာနယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ် အတောက်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jianက ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုစသည့် ဆိုးသွမ်းသောကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jian က​ဖေ​ဖော်ဝါရီ ၇ ရက်​နေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားချက်ကိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

ဆက်သွယ်ရေးလိမ်ညာမှုနှင့်စပ်လျဉ်း၍ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုစသည့် ဆိုးသွမ်းသောကိစ္စရပ်များ မကြာသေးမီက ဖြစ်ပွားခဲ့သည်ဟု Mr. Lin Jianက ဆိုသည်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ခြိမ်းခြောက်မှုသည် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အနှောက်အယှက်ဖြစ်စေသည်ဟုလည်း ၎င်းက ဆိုသည်။

အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုတို့ကို ခိုင်မာစွာတိုက်ဖျက်ခြင်းသည် ပြည်သူ့ဗဟိုပြုအယူအဆကို အကောင်အထည်ဖော်သည့် လက်တွေ့ကျသော ထင်ဟပ်ပေါ်လွင်စေသည့် လုပ်ဆောင်မှုဖြစ်ကြောင်းလည်း အသိပေးသည်။

အဆိုပါတိုက်ဖျက်မှုသည် ဒေသတွင်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကာကွယ်ရန် မဖြစ်မနေရွေးချယ် ရမည့် လုပ်ဆောင်မှုနှင့် နိုင်ငံအသီးသီးရှိပြည်သူများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီသည်ဟုလည်း ဆိုသည်။

ထိုင်း၊ မြန်မာစသည့် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံချင်းသို့မဟုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု၊ ဘက်စုံအစီအမံ၊ ပြဿနာအရင်းအမြစ်ဖြေရှင်းခြင်း၊ ရာဇဝတ်သားများ သက်ဆိုင်ရာနိုင်ငံများတွင် ပြစ်မှုကျူးလွန်ခြင်းမှ တက်ကြွစွာ အတူတကွတားဆီးနေကြောင်း Mr. Lin Jianက ဆိုသည်။

အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ်အတောက်ကို အတူတကွ အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကာ ပြည်သူ့အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်းနိုင်ငံများကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို စနစ်တကျထိန်းသိမ်း သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက အသိပေးသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံခဲ့ရာတွင် အွန်လိုင်း လိမ်လည်မှုများအပေါ် အရေးယူရန် ထည့်သွင်း ပြောဆိုခဲ့သည်။

“အွန်လိုင်းလိမ်လည်မှုများ၊အွန်လိုင်း လောင်းကစားမှုများနဲ့ပတ်သက်ပြီးလည်း ထိထိရောက်ရောက်ဖော် ထုတ်အရေးယူဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတင်းအချက်အလက်များဖော်ထုတ်ရယူကာ အရေးယူဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း” စစ်ကောင်စီ၏ မီဒီယာက စစ်ခေါင်းဆောင် ပြောဆိုချက်ကို ဖော်ပြသည်။

“ကျားဖြန့်တွေ့ ဖြစ်နေတာကြာပြီ။အခုမှသာ မီးခိုးကြွက်လျှောက်ဖြစ်လာတာ။အခု မအလ စစ်တပ်က တားမယ်ဆို မြဝတီမြို့ပေါ်မှာကတည်းက တားလို့ရတယ်။ကျားဖြန့်စတာ မြဝတီမြို့ပေါ်မှာ စတာ။လေးထပ်တိုက်တစ်လုံးကို တရုတ်နိုင်ငံသား ၄၀၀လောက် နဲ့နေပြီးတော့ကို စတာ။အကိုက သူတို့ အွန်လိုင်းအတွက် ဝိုင်ဖိုင် ချိတ်ပေးရတဲ့ကုမ္ပဏီမှာ လုပ်ခဲ့တာ။ပြီးတော့ ထိုင်းဘက်ကလည်း အခုမှ ထအရေးယူမယ်လုပ်တာ။သူတို့လည်း ပါတာပဲ။ဒါပေမယ့် အခုအခြေအနေမှာတော့ သူတို့က ဖဲဝေတဲ့သူပေါ့။ပြောရမယ်ဆို မြဝတီ ကျားဖြန့်က အချိုးကိုယ်စီ ထိုင်း၊မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေ ဝေပုံကျ ရတာလို့ သိရတယ်”ဟု (၂၅)နှစ်ကြာ မြဝတီမြို့တွင်နေထိုင်နေသူ တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)တွင် မြဝတီဒေသရှိ ကျားဖြန့်လူကုန်ကူးဂိုဏ်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန(DSI)က ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကို လူကုန်ဖမ်းဝရမ်းထုတ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လာသည်။

မြန်မာဖက်ခြမ်းက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံခဲ့ရသည့် လူကုန်ကူးမှုသားကောင် အိန္ဒိယနိုင်ငံသားများအား ကယ်ဆယ်ခဲ့သည့်ဖြစ်စဉ်အပြီး DSI၏ စုံစမ်းရေး အရာရှိတွေက BGF ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်း ထုတ်နိုင်မည့်အမှုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရက လူကုန်ကူးမှုဖြင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုမှာ တဖက်သက်စွပ်စွဲမှုသာဖြစ်ကြောင်း ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

” ထိုင်းနိုင်ငံအနေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ မေးချင်တာက ထိုင်းနိုင်ငံအပေါ်ကို ဘာအပြစ်တွေ လုပ်မိလို့လဲ။ လက်ရှိ လူမှောင်ခိုကုန်ကူးမှုမှာရော ကျွန်တော်တို့ခေါင်းဆောင်တွေက ဒါကိုတိုက်ရိုက်ပါဝင်သတ်မှတ်မှုရှိနေသလား။ မရှိဘူးလားဆိုတာ သေချာစိစစ်ဖို့ လိုတယ်။ကျွန်တော်တို့ခေါင်းဆောင်တွေက ဒီအပေါ်မှာ ဒီလူမှောင်ခိုတားဆီးတိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ အဓိကညွှန်ကြားပြီးတော့ တိုက်ဖျက်ရေးအတွက်ကို အဆင့်ဆင့် တာဝန်ပေးပြီး တိုက်ဖျက်နေတယ်ဆိုတာ အားလုံးကို အတိအလင်းပြောထားပြီးသားလည်း ဖြစ်တယ်။အဲဒီ့အပေါ်မှာမှ လူမှောင်ခိုနဲ့ပတ်သက်တယ်‌ဆိုတဲ့ စွပ်စွဲချက်ကတော့ ဒါတဖက်သတ်စွပ်စွဲချက်လို့ ဒီလိုပဲပြောချင်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ် ၊မြဝတီ ​ဒေသမှာ ကျားဖြန့် နှိမ်နင်း​ရေးအ​ကြောင်းပြပြီး စစ်​ကောင်စီက အင်အားတိုးနယ်​မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစား​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်မှာ ​ပြောပြပါမယ် ။

သတင်း

ယာယီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် အရာရှိအချို့သည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေ‌ကြောင်း တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့်စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

သတင်း

ကော့နွှဲ့ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံး၊ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရဟု SOGစစ်ကြောင်း ပြော

သတင်း

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းတိုက်ပွဲများ ပြင်းထန်နေသည်။