Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ပြောင်းဖူးစေ့ပုံအောက်ပုန်းလိုက်တဲ့ မြန်မာ ၈ ဦး အဖမ်းခံရ

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မဲဆောက်မြို့မှာ သူတို့နဲ့အတူ ပြောင်းဖူးစေ့တွေ တင်ဆောင်လာတဲ့ ထရပ်ကားကို မောင်းနှင်သူ ယာဉ်မောင်းပါအဖမ်းခံခဲ့ရတာလို့ ဘန်​ကောက်ပိုစ် သတင်းစာက​ဖော်ပြပါတယ်။

မနက်အစောပိုင်း ဒေသစံတော်ချိန် တစ်နာရီ ဝန်းကျင်လောက်မှာ ရတ်ချာမာနူ အထူးတပ်ဖွဲ့ရဲ့ စစ်သားတွေဟာ ပြောင်းဖူးစေ့တွေ တင်ဆောင်လာတဲ့ ၁၀ ဘီးကားကြီး တစ်စီးကို တားဆီးပြီး စစ်ဆေးခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆိုင်သန်ဆိုတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းဟာ မေးခွန်းတွေကို ဖြေဆိုရာမှာ သံသယဖြစ်စရာ အခြေအနေတွေ တွေ့ရတာကြောင့် စစ်သားတွေက ထရပ်ကားကို နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရပ်ကားပေါ်မှာ ပြောင်းဖူးစေ့တွေ တင်ဆောင်လာတာဖြစ်ပြီး အဲဒီ အပုံကြီးရဲ့အောက်မှာ လှုပ်ရှားမှု တချို့ကို စစ်သားတွေက သတိထားမိရာက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူမြန်မာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးကို တွေ့ရှိခဲ့တာပါ။ သူတို့တွေဟာ ပြောင်းစေ့ပုံကြီးရဲ့အောက်မှာ အဝတ်လွှမ်းပြီး ပုန်းအောင်း လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ ၈ ဦးကသူတို့ဟာဆမွတ်ပရာကန်မှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ထွက်ဆိုခဲ့ပြီး ယာဉ်မောင်းကလည်း သူဟာ နိုင်ငံခြားသားတွေကို တရားမဝင် ခိုးသွင်းလာမိပါတယ်လို့ ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။

ယာဉ်မောင်းနဲ့မြန်မာနိုင်ငံသားတွေဟာလောလောဆယ် ဖမ်းဆီးချုပ်နှောင်ခံထားရပြီးနောက်ဆက်တွဲ တရားစွဲဆိုမှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ကို ရုပ်သံမှတ်တမ်း ၊ဓါတ်ပုံ​တွေနဲ့​ဖော်ပြခဲ့ ထိုင်း​​ဖေစ်ဘွခ်အသုံးပြုသူ​အောက်မှာမြန်မာနိုင်ငံမှာစစ်တပ်ကလူငယ်​တွေကို မတရားသဖြင့်စစ်သားသစ်စု​ဆောင်း​နေကြလို့​ထွက်​ပြေး​နေကြရတာဖြစ်ပြီး ၊တိုင်းပြည် ​​အေးချမ်းသွားတဲ့အခါ မြန်မာ​နိုင်ငံသားတွေဟာအိမ်ပြန်ကြမှာပါလို့မြန်မာ​ဖေစ်ဘွခ်အ​ကောင့်အချို့ကအ​ခြေအ​နေကို ရှင်းပြ​နေကြတာကို​တွေ့ရပါတယ်။ထိုင်း​ဖေစ်ဘွခ် အသုံးပြုသူအချို့ က အခုလိုနည်းလမ်းနဲ့​ခိုးဝင်လာတာ​တွေများ​လာတဲ့အ​ကြောင်း ၊ထိုင်းမှာမြန်မာ​တွေမြန်လာတဲ့အ​ကြောင်း​ရေးသားကြသလို၊ မြန်မာနိုင်ငံမှာစစ်တပ်​ကြောင့်အ​ခြေအ​နေ​တွေဆိုး​နေပြီးလူငယ်​တွေ​ကို စစ်ထဲဆွဲသွင်း​နေတာတဲ့အတွက်​ကြောင့် ထွက်​ပြေးကြရတာမို စာနာ နားလည်​ကြောင်း ​ရေးသားမှတ်ချက်ပြုကြတာကိုလည်း​တွေ့ရပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

သတင်း

နယ်စပ်မြို့ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်နားက ထိုင်းပိုင်နက်ထဲ ရွှေခိုးတူးနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ ပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတောင်းဆိုလိုက်ပြီး ကမ္ဘောဒီးယား နိုင်ငံကကျားဖြန့်လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ Online ကခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။