Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက် တင်ပို့ခွင့်ပိတ်

မြဝတီမြို့တွင် စက်သုံးဆီပြတ်တောက်မှုဖြစ်၍ ဒေသခံများ မဲဆောက်မြို့သို့ ကားဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၁၀ရက်က တွေ့ရစဉ်။

ဓာတ်ပုံ – CJ

မြဝတီမြို့တွင် စက်သုံးဆီပြတ်တောက်မှုဖြစ်၍ ဒေသခံများ မဲဆောက်မြို့သို့ ကားဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ထိုင်းနိုင်ငံက လျှပ်စစ်ပစ္စည်းများအပါအဝင် ထုတ်ကုန် ၁၁မျိုးကို မြန်မာဘက်သို့တင်ပို့ခွင့် ပိတ်လိုက်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ လုပ်ငန်းရှင်အချို့က ပြောသည်။

အွန်လိုင်းလောင်းကစား(ကျားဖြန့်)နှိမ်နင်းရေးရည်ရွယ်ချက်ဖြင့် တင်ပို့ခွင့်ပိတ်ပင်သည့် ကုန်ပစ္စည်း ၁၁မျိုးတွင် မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ဆိုလာပြားနှင့် မိုဘိုင်းကိရိယာများ ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် ကေဘယ( Cable)ကြိုးများ၊ကွန်ပျူတာဟာ့ဒ်ဝဲ ၊ကွန်ပျူတာဆော့ဖ်ဝဲ၊အင်ဂျင်ဝိုင်နှင့် စက်သုံးဆီ တို့ကိုလည်း မြန်မာပြည်သို့ တင်ပို့ခွင့်ပိတ်လိုက်သည်။

Public Service Announcement

Public Service Announcement

“အခက်အခဲကတော့ စက်သုံးဆီပြတ်လပ်မှုပဲ ။ကျန်တဲ့ ကုန်စည်တွေက အဲဒီလောက် ဒေသခံလူထုအတွက် မရှိမဖြစ်အရေးမကြီဘူး။အခုက ထိုင်းဘက်က စက်သုံးဆီတရားဝင်ပိတ်လိုက်ပြီလို့ပြောရတယ်”ဟု မြဝတီမြို့မှလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တရုတ်ကျားဖြန့် အွန်လိုင်းဂိုဏ်းများ နှိမ်နင်းရန်ဆိုကာ ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်မြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီး၊ ဆက်သွယ်ရေးကွန်ရက်နှင့် လောင်စာဆီတင်ပို့မှုများကို ဖေဖော်ဝါရီ ၅ ရက်ကစတင်၍ ဖြတ်တောက်ခဲ့သည်။

“မြို့ထဲက ဆီဆိုင်တွေက ပိတ်သွားပြီ။အောက် လမ်းကနေတော့ ဝယ်ရတယ်။စျေးက အများကြီးတက်ပြီလေ။တစ်လီတာ ကျပ် ၂၀,၀၀၀လောက်ကို ဖြစ်နေတာ။ရေရှည်ဆိုရင်တော့မလွယ်ဘူး။ကြားတာတော့ ခြောက်လလောက်ထိပိတ်မှာတဲ့”ဟု စက်သုံးဆီ ပြတ်လပ်မှုနှင့်ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုအပါအဝင် ထိုင်း -မြန် မာနယ်စပ် မြန်မာဘက်အခြမ်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရက အရေးယူမှုများကို တစ်ဆင့်ချင်း ဆောင်ရွက်လာသည်။

ထိုအပြင် ယမန်နေ့(ဖေဖော်ဝါရီ ၁၁ရက်)တွင် မြဝတီဒေသရှိ ကျားဖြန့်လူကုန်ကူးဂိုဏ်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ အထူးစုံစမ်းရေးဌာန(DSI)က ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့ကို လူကုန်ကူးမှုဖြင့်ဖမ်းဝရမ်းထုတ်နိုင်ရန် စတင်ကြိုးပမ်းနေသည်။

ထို့အပြင် ထိုင်း – မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဌာနကလည်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။