Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်း၌ တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကို တစ်နေကုန်ပစ်ခတ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ကလေး - ဂန့်ဂေါလမ်းပိုင်းရှိ ကမ္ဘားနီမြစ်ကူးတံတား။ ဓာတ်ပုံ - စကစ

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး တစ်နေကုန်ပစ်ခတ်နေဟုဆို

တာယာ၊ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကို တစ်နေကုန်ပစ်ခတ်နေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် အရေးပါသည့် ကမ္ဘားနီမြစ်ကူးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်)ညပိုင်းကစ၍ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းက ဒီနေ့မနက်ဗုံးကြဲသွားတယ်။ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေ စုပေါင်းတပ်စွဲထားတဲ့ နေရာကို ဝင်တိုက်တာက တိုက်ပွဲဖြစ်တာပါ။ ဒီနေ့လည်း တနေကုန်ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်နေမှုနှင့်ပတ်သက်၍လည်း စစ်မြေပြင်ရောက်ရှိနေသူ တစ်ဦးကလည်း ” တနေကုန်အလုံး ၁၀၀ ကျော်ပြီ။မပြီးနိုင်သေးဘူး”ဟု ပြောသည်။

ပစ်ခတ်မှုသံများကို ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခန့်က စတင်ကြားရပြီး ယနေ့ နံနက်ပိုင်းက Y-12 လေယာဥ်ကို စစ်ကောင်စီတပ်က အသုံးပြုခဲ့သည်ဟု တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက အသိပေးသည်။

“အချိန် ခနေစောင့်ပေးပါ။ ဖြစ်စဉ်အကုန်လုံး အသေးစိတ်ချပြပါမယ်”ဟု ကလေးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကမ္ဘားနီတံတားသည် ၁၉၉၇ ခုနှစ်ကစတင်တည် ဆောက်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် တံတားအသစ် ပြန်လည်တည် ဆောက်ခဲ့သည်။ကလေးမြို့နယ်တောင်ပိုင်း ဆည်တောကျေးရွာအနီးတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါလမ်းမ၏ မိုင်တိုင် (၅၁)တွင် တည်ရှိသည်။

၂၀၂၃တွင် အရှည်ပေ ၆၀၀ခန့်ရှိ ထိုတံတားနှင့် ဆည်တော်ရွာပတ်ဝန်းကျင်၌ အင်အား ၅၀ထက်မနည်းသော အင်အားဖြင့် စစ်ကောင်စီက တပ်စွဲခဲ့သည်။

ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ယခင်လပိုင်းကစ၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်ညပိုင်းက လေကြောင်းတိုက်ခိုက်မှုတွင် တင်သားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာမှ ကလေးငယ်နှင့်အမျိုးသမီး ၉ ဦးသေဆုံးကာ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ရေရှင်၊အင်းကျွန်း၊ ကျောက်ဆည်၊ ကုက္ကိုလ် ၊ရှားတော၊ နွားရွာ ၊တင်သား ၊ကျောက်ဖူး၊ ဒိုးနွယ် ၊အရှေ့စည်း၊ မင်းလှ ၊ ရှားဖို ၊မှန်တော၊ အောင်မဂ်လာနှင့် ဆည်တောကျေးရွာများမှ ဒေသခံတစ်သောင်းဝန်းကျင်မှာ စစ်ရှောင်နေကြရသည်။

(တိုက်ပွဲဖြစ်ပွားသည့် ကလေး – ဂန့်ဂေါလမ်းပိုင်းရှိ ကမ္ဘားနီမြစ်ကူးတံတား။ ဓာတ်ပုံ – စကစ)

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်း တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၁၀နာရီမိနစ် ၂၀ အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သားရွာ နှင့် ကုက္ကိုလ်ရွာများမှ စစ်ဘေးရှောင်များ၏ တဲအိမ်များအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကလေးငယ်လေးဦးပါဝင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ရှောင်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ၉ ဦးသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရ