Connect with us

Hi, what are you looking for?

သတင်း

ကလေးတိုက်ပွဲမှာစစ်တပ်နဲ့ကသည်းပူးပေါင်းတပ်ဖွဲ့ တပ်စိပ် ၁ စိပ်လုံးသေဆုံးပြီးစစ်ကြောင်းပျက်

ကလေးမြို့နယ်၊နန်းဟန်နွဲ့ရွာမှာစစ်တပ်နဲ့ကသည်းလက်နက်ကိုင်တပ်ဖွဲ့ပူးပေါင်းတပ်ကို ကလေးခရိုင်အမှတ်(၄)တပ်ရင်းကတိုက်ခိုက်တာမှာကသည်းလက်နက်ကိုင်တပ်စိပ်၁စိပ်(၁၀ ဦးဝန်းကျင်)လုံးသေဆုံးပြီး စစ်ဗိုလ်မှူး၁ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ဒီက​နေ့ထုတ်ပြန်ပါတယ်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး​နောက် စစ်သားနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့​တွေ ထွက်​ပြေး​နေစဥ်။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

■ကသည်းတပ်နဲ့ စစ်ကောင်စီဆက်နွယ်မှုအမှတ်(၁)စစ်ဒေသထုတ်ပြန်
စက်တင်ဘာ-၂၃၊၂၀၂၅။လူအေး/People’s Spring

ကလေးမြို့နယ်၊နန်းဟန်နွဲ့ရွာမှာစစ်တပ်နဲ့ကသည်းလက်နက်ကိုင်တပ်ဖွဲ့ပူးပေါင်းတပ်ကို ကလေးခရိုင်အမှတ်(၄)တပ်ရင်းကတိုက်ခိုက်တာမှာကသည်းလက်နက်ကိုင်တပ်စိပ်၁စိပ်(၁၀ ဦးဝန်းကျင်)လုံးသေဆုံးပြီး စစ်ဗိုလ်မှူး၁ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ဒီက​နေ့ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၁၅) ရက်ကတိုက်ပွဲမှာဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ စက်တင်ဘာလ ၂၃ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကြောင်းမှာအကြပ်လောင်းလို့ ယူဆရတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် အင်အား (၆၀) ဦး ပါဝင်ခဲ့ပြီး စစ်ကြောင်းပျက်သွားလို့ နောက်တန်းကိုပြန်ပို့ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကသည်းလက်နက်ကိုင်အဖွဲ့တွေကို ဆယ်ဦး တပ်စိတ်တစ်စိတ်အဖြစ် စစ်ကောင်စီကဖွဲ့စည်းပေးထားပါတယ်။ ယခုတိုက်ပွဲမှာတော့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ကလေးအကျဉ်းထောင်အနီးမှာ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြင့်က People’s Spring ကို ပြောပါတယ်။

စစ်တပ်နဲ့ကသည်း ပူး​ပေါင်းစစ်​ကြောင်းဟာဒရုန်းနဲ့တိုက်ခိုက်ခံရပြီးတဲ့​နောက်ထွက်​ပြေးကြတဲ့ရုပ်သံမှတ်တမ်းကိုလည်းထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

“စစ်ကောင်စီက သူတို့ရဲ့စစ်ရေးထွက်ပေါက်အတွက် ကသည်းတွေကိုအင်အားသုံးနေတာ။ဒါကို အိန္ဒိယအစိုးရကသိဖို့လိုတယ်။စစ်တပ်ကအိန္ဒိယအစိုးရကို အနူလက်သီးနဲ့ ညှောင့်နေတာ”လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ကလေးမြို့ကဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးခရိုင်နဲဲ့ဆက်စပ်နေတဲ့ တမူးခရိုင်မှာ အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့ တွေဖြစ်တဲ့ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ လှုပ်ရှား​နေကြပါတယ်။အဲဒီတပ်ဖွဲ့​တွေရဲ့ ပူးပေါင်းအင်အား (၅၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လက်ရှိမှာ ကသည်းလက်နက်ကိုင်တပ်ဖွဲ့က ဗိုလ်ကြီး တစ်ဦး ဦးစီးတဲ့ အင်အား (၃၀) ခန့်ဟာကလေးမြို့အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၀)မှာ အရာရှိသင်တန်း တတ်ရောက်နေကြတယ်လို့ လည်းဖမ်းဆီးမိထားတဲ့ ကသည်းစစ်သုံ့ပန်း​တွေကပြောတယ်လို့ထုတ်ပြန်ထားပါတယ်။

ဆယ်စုနှစ်တစ်စုကျော်အကြာကတည်းကစစ်ကိုင်းတိုင်း၊တမူးခရိုင်၊ ဟဲဇင်းရွာအတွင်းကို ကသည်းလက်နက်ကိုင်​တွေက မြန်မာစစ်တပ်ခွင့်ပြုချက်နဲ့စတင်ဝင်ရောက် နေထိုင်ခဲ့ပြီး လက်နက်နဲ့မူးယစ်ဆေးဝါးများလည်း ရောင်းဝယ်ဖောက်ကား နေတယ်လို့ဒေသ(၁) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကသည်းလက်နက်ကိုင် တပ်ဖွဲ့ တွေအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) လည်း တမူးခရိုင်နဲ့ခန္တီးခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေး တပ်တွေကိုတိုက်ခိုက်နေတယ်လို့ စစ်ဒေသ(၁)က အသိပေးထားပါတယ်။

မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ စစ်ဒေသ(၁)ရဲ့ထုတ်ပြန်ချက်မှာ အိန္ဒိယစစ်တပ်နဲ့ စစ်ကောင်စီရဲ့ ပတ်သက်မှုကိုလည်း ဖော်ပြထားပါတယ်။ဒီနှစ်ထဲမှာ အိန္ဒိယစစ်တပ်စစ်ဦးစီးချုပ်နဲ့ စစ်ကောင်စီရဲ့ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-၁) မှူး တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်း လေ့ကျင့်မှု တွေနဲ့စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်း၊ ဒရုန်း ထောက်ထောက်ပံ့တာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကလေးမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ကလေးမြို့နယ်ရှိ စစ်တပ်၏ အမှတ်(၁၀)တပ်မ​တော် တန်းမြင့်​လေ့ကျင့်​ရေးသင်တန်းကျောင်း (တကက-၁၀) တွင်အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် ကို စစ်တပ်ကသင်တန်း​ပေးနေကြောင်း စုံစမ်းသိရှိရသည်။