Connect with us

Hi, what are you looking for?

သတင်း

ကလေးတောင်ပိုင်း ကြံသာရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကလေးတောင်ပိုင်း၌ CDF KKG ပူးပေါင်းတပ်တွေက Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - ABSDF

စက်တင်ဘာ-၂၃၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အခု စက်တင်ဘာ၂၀ ရက်က စစ်ကောင်စီတပ် ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ငါးလကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ ကြံသာကျေးရွာကနေ ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။

စစ်တပ်ကစစ်သားသစ်​တွေကို ​ရှေ့ကတက်ခိုင်းပြီးထိုးစစ်ဆင်ခဲ့တာ​ကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ​တော်လှန်​ရေး​​ရေ​ဘော်အချို့က​ပြောပါတယ် ။ မနက်အ​စော ၅ နာရီ ​ကျော် ၆ နာရီမှစ၍ ​နေ့ခင်းပိုင်းအထိ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အင်အားအများအပြားသုံးထိုးစစ်ဆင်လာသဖြင့် ​တော်လှန်​ရေးတပ်များဆုတ်ခွာ​ပေးခဲ့ရတာဖြစ်တယ်လို့ ရဲ​ဘော်အချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

​စက်တင်ဘာ ၂၀ ရက်မတိုင်မီအထိ ကြံသာရွာပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်က ထိုးစစ် ၁၀ ကြိမ်ထက်မနည်းလုပ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ခုခံခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်က ကြံသာရွာမှာပြန်တပ်စွဲနိုင် တယ်ဆိုတာမှာ မှန်ကန်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက အတည်ပြုပါတယ်။

“ကြံသာကနေတော့ ဆက်မတိုးသေးဘူး။မှန်တော၊ တင်သား ၊ရှားဖိုဘက်မဝင်နိုင်အောင် ကာနေတယ်”လို့ စစ်ကောင်စီတပ် ထိုးစစ်နဲ့ပတ်သက်ပြီး ကဘော်အထူးဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကလေးမြို့နယ် ကြံသာကျေးရွာဟာ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်အထက်ပိုင်း ပျူစောထီး၊ပြည်သူ့စစ်တွေအားကောင်းရာ ဟံသာဝတီရွာ အနီးမှာရှိပါတယ်။ဟံသာဝတီရွာကနေတဆင့် စစ်ကောင်စီတပ်က အခြေပြုပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

“ဟံသာဝတီမှာက ပျူစောထီးရော ပေါ်တာ(အဓမ္မစစ်မှုထမ်း)တွေ အပါအဝင်ဆို အင်အား ၃၀၀လောက်ရှိတယ်​။စက်တပ်လေထီးတချို့ပါ အားဖြည့်ထားတယ်”လို့ ကလေးမြို့နယ်ကာကွယ်ရေးရဲဘော် တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်က ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းက စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ (အရှေ့၊ အနောက်)တို့ကို CDF KKG ပူးပေါင်းတပ်တွေက Major Operation အဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၅ ဧပြီ ၁၁ ရက်မှာ ပျူစောထီးစိုးမိုးတဲ့ ကြံသာကျေးရွာကို တော်လှန်အင်အားစုတွေပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ CDF KKGက ဆိုပါတယ်။

လက်ရှိ ကြံသာရွာကနေ ဆုတ်ခွာခဲ့ရမှုနဲ့ ပတ်သက်ပြီး CDF KKG တပ်ရင်း ပြောရေးဆိုခွင့်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တပတ်ကစလို့ စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အင်တာနက် အသုံးပြုခွင့်အလုံးစုံပိတ်ထားပြီး မြို့မြောက်ဘက်ခြမ်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

●အမှားပြင်ဆင်ချက်

ကနဦးသတင်းမှာ စစ်​ရေးရင်းမြစ်တဦး​ပြောတာကို ကိုးကား ပြီး ကြံသာရွာက​နေ ​တော်လှန်​ရေးတပ်​တွေက ကျည် ၁ ချက်မ​ဖောက်ရပဲဆုတ်ခွာ​ပေးခဲ့ရတယ်လို့မှားယွင်း​​​ဖော်ပြမိခဲ့ပါတယ်။သတင်းအမှန်မှာ နာရီ​ပေါင်းများစွာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးမှ ဆုတ်ခွာ​ပေးခဲ့ရတာဖြစ်တယ်လို့ ပြင်ဆင်ဖတ်ချက်​ပေးပါရန်။ အချက်အလက်မှားယွင်း​ဖော်ပြမှုအတွက် သက်ဆိုင်ရာအဖွဲ့​တွေ နဲ့ စာဖတ်သူကို​တောင်းပန်းအပ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။