Connect with us

Hi, what are you looking for?

သတင်း

မွန်လူမျိုးများ တော်လှန်ရေး၌ပါဝင်ရန်နှင့် တော်လှန်ရေးကို တမျိုးသားလုံးအသွင်ဖြင့် အရှိန်မြှင့်ရန် မွန်တော်လှန်ရေးအဖွဲ့များ တိုက်တွန်း

မွန်လူမျိုးများအားလုံးတော်လှန်ရေး၌ ပါဝင်ကြရန် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)ကျရောက်သည့် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်နှင့်သဝဏ်လွှာများ၌ ဖော်ပြတိုက်တွန်းလိုက်သည်။

စစ်ကောင်စီကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များမှ ခေါင်းဆောင်များ ‌စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ ဓာတ်ပုံ - MLA

ဟန်နွေ/People’s Spring

မွန်လူမျိုးများအားလုံးတော်လှန်ရေး၌ ပါဝင်ကြရန် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)ကျရောက်သည့် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်နှင့်သဝဏ်လွှာများ၌ ဖော်ပြတိုက်တွန်းလိုက်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) တို့က ယနေ့ ကျရောက်သည့် (၇၈) ကြိမ်မြောက်မွန်အမျိုးသားနေ့၌ ကြေညာချက်နှင့် သဝဏ်လွှာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုင်ငံအခြေအနေသည် တိုင်းရင်းသား ပြည်သူများတစ်ရပ်လုံး၏ ဘုံရန်သူစစ်အာဏာရှင်က နိုင်ငံအာဏာကို အကြမ်းဖက်သိမ်းလိုက်သည့်အတွက် တစ်နိုင်ငံလုံး ပြည်တွင်းစစ်မီး တောက်လောင်လာရခြင်း ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးအပါအဝင် အခြား သော အထွေထွေအကြပ်အတည်းများပိုမိုဖြစ်ပွားစေကာ ပြည်သူများ၏ဘဝလုံခြုံမှုလည်း ကင်းမဲ့လာနေကြောင်း NMSP(AD)ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိ အကြပ်အတည်းကိုကျော်လွှားနိုင်ရန် စစ်အာဏာရှင်ကို တိုက်ဖျက်ပြီး မိမိတို့လက်လွှတ်ခဲ့ရသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို ပြန်လည်ရယူခြင်းပင် ဖြစ်ကြောင်း အသိပေးသည်။

ယနေ့အချိန်တွင် တိုင်းရင်းသားလူမျိုးများအားလုံးသည် မဟာမိတ်များနှင့် သော် လည်းကောင်း၊ သီးခြားသော် လည်းကောင်း၊ စစ်အာဏာရှင်အား အသီးသီး တိုက်ပွဲဝင်နေကြသည်ကို တွေ့နေရပြီး စစ်ရေးအောင်မြင်မှုမှတဆင့် တိုင်းရင်းသားပြည်သူများလိုလားတောင့်တနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ဆက်လက် အကောင်အထည်ဖော်သွားရန်ဖြစ်ကြောင်း၊ ယနေ့ မွန်တော်လှန်ရေးသည် လည်း တမျိုး သားလုံးအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း NMSP-ADက ထုတ်ပြန်ကြေညာသည်။

NMSP-AD အနေဖြင့် ဘုံရန်သူ စစ်အာဏာရှင် အား တိုက်ပွဲဝင်လျှက်ရှိပြီး တစ်ချိန်တည်းတွင် မွန်တော်လှန်ရေးအင်အား ခိုင်မာအားကောင်းလာရေးနှင့် မွန်တော်လှန်ရေးအင်အားစုများ အင်အားတစ်ခုတည်းဖြစ်ပေါ်လာရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးသည်။

ထို့အပြင် မွန်လူမျိုးများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို မွန်လူမျိုးများတိုက်ပွဲဝင်မှသာ ရရှိနိုင်မည်ဖြစ်ပြီး ထိုသို့တိုက်ပွဲဝင်ရာတွင် မွန်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်းဖော်ပြထားသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မွန်အမျိုးသားများအားလုံး အမျိုးသားရေးတာ ဝန်အသိစိတ်ဖြင့် မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ကျရာကဏ္ဍ၊နိုင်ရာဝန်မှ ကိုယ်စီပါဝင်ထမ်းရွက် ကြရန် NMSP-ADက တိုက်တွန်းခဲ့သည်။

MLAကလည်း မွန်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ မွန်အမျိုးသားနေ့ အထိမ်းအမှတ်ကဲ့သို့ မွန်နိုင်ငံသစ်နေ့ကို အထိမ်းအမှတ်ပြုသွားနိုင်ရန် ပြည်တွင်းပြည်ပမှ မွန်အင်အားစုများကို စုစည်း၍ မွန်တစ်မျိုးသားလုံးလွတ်မြောက်နိုင်ရေးအတွက် မွန်လူမျိုးများနှင့်အတူ တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်သွားမည်ဟု ဆန္ဒပြုကြောင်းဖော်ပြသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ကြေညာချက်တွင် မြန်မာစစ်အာဏာရှင်စနစ် အင်အားခိုင်ခန့်သည့်ကာလတွင် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းကာ စစ်တပ်ခေါင်းဆောင်မှ နိုင်ငံရေးတွင် အာဏာတည်မြဲရေးအတွက် ဖန်တီးခဲ့ယုံသာမက ဒီမိုကရေစီစနစ်ကို လိုလားသည့် မြန်မာ (ဗမာ) ပြည်သူများကို ဖိနှိပ်ခဲ့ကြောင်း၊ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး တောင်းဆိုချက်များကို လျစ်လျူရှုကာ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ရာ နောက်ဆုံးတွင် ဗမာ စစ်အာဏာရှင်တို့သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရမှ အာဏာသိမ်းခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိ အင်အားကြီးမားသည့် စစ် အာဏာရှင် စနစ်မှ လွတ်မြောက်ရန် ဗမာပြည်သူများကိုယ်တိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တော်လှန်တိုက်ပွဲဝင်လျှက်ရှိရာ လက်ရှိကာလတွင် အချို့သော တိုင်းရင်းသားနယ်မြေ အများအပြား စစ်အာဏာစနစ်မှ လွတ်မြောက်ပြီး မိမိတို့ဒေသအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်ရေးကို စတင်အသုံးပြုနေပြီဖြစ်သည်ဟုဆိုသည်။

ယနေ့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးသည် အဖွဲ့အစည်းတစ်ဖွဲ့ ပါတီတစ်ပါတီ အာဏာရရှိရေးတွက် တိုက်နေခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား ပြည်သူများ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမို ကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ကြောင်း အသိပေးသည်။

စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို မည်သို့ပင် ထိန်းသိမ်းစောင့်ရှောက်နေစေကာမူ နိုင်ငံရေးအာဏာ လက်ဆုပ်လက်ကိုင်မရှိသ၍ မိမိတို့၏ အမျိုးသားလက္ခဏာ လူမျိုးတိမ်ကောပပျောက်မှုများကို နေ့စဉ်နှင့်အမျှရင်ဆိုင်ကြုံတွေ့နေရဦးမည် ဖြစ်သည် ဆိုသည်။

မွန်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် နိုင်ငံရေးအာဏာကို ရယူရာ တွင် လက်နက်ကိုင်တော်လှန်သည့်လမ်းစဉ်မှတပါး အခြားမရှိဟုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ရာမညပြည်တွင်းနှင့် ပြည်ပရှိ မွန်လူမျိုးနှင့် ပြည်သူများ အနေဖြင့် တော်လှန်နေသည့် အင်အားစုများနှင့် အတူတကွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

(စစ်ကောင်စီကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များမှ ခေါင်းဆောင်များ ‌စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။ရဓာတ်ပုံ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ အရပ်သားများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)က ထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

သတင်း

ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ တပ်ရင်းတစ်ခုသည် NMSPမှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံပူးပေါင်းလာကြောင်း NMSP-ADက အတည်ပြုသည်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ ရဲဘော်တစ်ဦးကျဆုံးကြောင်း မွန်ပြည်သစ်ပါတီ(AD)က ယနေ့ထုတ်ပြန်သည်။