Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်ကကျားဖြန့်ဂိုဏ်းတွေဆီဓါတ်အား လုံးဝမ​ပေးဟုလာအိုဆို

မြန်မာနိုင်ငံဖက်ခြမ်း နယ်စပ်မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေ အခြေစိုက်ရာ ဧရိယာတွေဆီလျှပ်စစ်ဓါတ်အား ထောက်ပံ့မှု လုံးဝမရှိကြောင်း လာအိုနိုင်ငံက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

People’s Spring

မြန်မာနိုင်ငံဖက်ခြမ်း နယ်စပ်မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေ အခြေစိုက်ရာ ဧရိယာတွေဆီလျှပ်စစ်ဓါတ်အား ထောက်ပံ့မှု လုံးဝမရှိကြောင်း လာအိုနိုင်ငံက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

လာအို အစိုးရပိုင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းဖြစ်တဲ့ EDLက နယ်စပ်မှာရှိတဲ့ ကျားဖြန့် ဂိုဏ်းတွေဟာ လာအိုဖက်က ထောက်ပံ့တဲ့ လျှပ်စစ်ဓါတ်အားကို လုံးဝ အသုံးပြုနိုင်ခြင်း မရှိတာ သေချာကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မြန်မာဖက်ခြမ်းနယ်စပ်လူ့အဖွဲ့အစည်းတွေဆီလာအိုက ဓါတ်အား ထောက်ပံ့ထားတယ် ဆိုပေမယ့်လည်း လူနေအိမ်တွေ၊ အသေးစား စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရရုံး အဆောက်အအုံတွေနဲ့ ကျောင်းနဲ့ ဆေးရုံတွေလိုမျိုး အရေးတကြီး လိုအပ်တဲ့ အခြေခံ ဝန်ဆောင်မှု အဆောက်အအုံတွေ အတွက်သာ ကန့်သတ်ပေးထားတယ် ဆိုတာကို အသေအချာ အာမခံနိုင်ကြောင်း EDLက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

EDLဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် ခရိုင်ထဲ လျှပ်စစ်ဓါတ်အား ထောက်ပံ့ပေးမှုကို ၁၃ မဂ္ဂါဝပ်လောက်ထိ ထက်ဝက် လျှော့ချခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့လာအိုဖက်က ပေးပို့တဲ့ ဓာတ်အားကို ကျားဖြန့်ဂိုဏ်းတွေ သုံးစွဲလို့ မရနိုင်စေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို ထိုးနှက်ဖို့ ရည်ရွယ်ပြီးတာချီလိတ် အပါအဝင် မြန်မာဖက်ခြမ်းနယ်စပ် ဧရိယာ ၅ ခုကို ထိုင်းက ဓါတ်အား ဖြတ်တောက်လိုက်ပြီးတဲ့နောက် တာချီလိတ်မှာ EDLဆီကနေ ဓါတ်အားသုံးစွဲမှုပမာဏဟာ၂၇ မဂ္ဂါဝပ်ထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

EDLဟာ တာချီလိတ်မှာဓါတ်အားဖြန့်ဖြူးရောင်းချရေးအတွက် မြန်မာနိုင်ငံမှာ လိုင်စင်ယူထားတဲ့ကုမ္ပဏီတစ်ခုကနေ ချိတ်ဆက်သဘောတူညီမှုရရှိထားတာပါ။ ၂၀၂၂ ခုနှစ်၊ မေလကစလို့ ဓါတ်အား ဖြန့်ဖြူးမှုတွေ စတင်ခဲ့တာ ဖြစ်တယ်လို့သတင်းမှာ​ဖော်ပြပါတယ်။

အဲဒီသဘောတူညီချက်အရ EDLဟာ တာချီလိတ်ကို ၃၀ မဂ္ဂါဝပ်ထက် မပိုတဲ့ ဓာတ်အား ထောက်ပံ့ဖို့ ညှိနှိုင်းထားပါတယ်။ ဒါပေမဲ့ တာချီလိတ်မှာ ဓါတ်အားကိုထိုင်းဖက်ကလည်းဝယ်ယူသုံးစွဲတာကြောင့် EDLက ထောက်ပံ့ရတဲ့ ပမာဏဟာ ပုံမှန်အားဖြင့် ၁၃ မဂ္ဂါဝပ် ဝန်းကျင်သာ ရှိခဲ့ပါတယ်။

လာအိုဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဓါတ်အားခွဲဝေရေး သဘောတူညီမှု မူဘောင်အရ မြန်မာကို ဓါတ်အား ထောက်ပံ့ ရောင်းချပေးနေပေမယ့် တာချီလိတ် ခရိုင်တစ်ခုတည်းကိုသာ လောလောဆယ် ဓာတ်အား ဖြန့်ဝေပေးနေတာ ဖြစ်တယ်လို့ဆိုပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။