Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လည် ၂ နာရီခွဲခန့်တွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စာသင်ကျောင်း ပျက်စီးခဲ့သည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - Kamlatt

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လည် ၂ နာရီခွဲခန့်တွင် လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့၏ အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအနီးရှိ စာသင်ကျောင်းနှင့် အဆောက်အဦးသုံးလုံမှာ အလုံးစုံနီးပါးပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ပစ်မှတ်ထားဗုံးကြဲခံရသည့် စာသင်ကျောင်း၌ တက်ရောက်နေသည့် ကလေးများမှာ ယနေ့တွင် ကျောင်းပိတ်ထား၍ လွတ်မြောက်ခဲ့သည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ကလေးတွေကို ကျောင်းပိတ်ထားလို့ တော်သေးတာပေါ့ဗျာ။မဟုတ်ရင် မတွေးရဲစရာပဲ။စကစအကြမ်းဖက်တော့ ရွေးပြီးတော့ကို ပြည်သူတွေ ကလေးတွေကို ရက်စက်ယုတ်မာနေကြတာပဲ”ဟု ၎င်းက ပြောသည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုလာနေခြင်းကြောင့်လည်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပိုမိုဂရုစိုက်ကြရန်နှင့် လေယာဥ်သံကြားပါက ကြိုတင်တိမ်ရှောင်ကြရန် ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၂ရက်)နှင့် ယနေ့(ဖေဖော်ဝါရီ ၁၃ရက်) နှစ်ရက်အတွင်း စလင်း၊ဂွ၊မုံရွာ၊ချောင်းဦး၊ဆားလင်းကြီး ၊မတ္တရာ၊ရေစကြို၊နွာထိုးကြီး၊ ညောင်ဦးနှင့် ကနီမြို့နယ်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏အချက်အလက်အရ ယခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီ၏ လေကြောင်း နှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်၌ အရပ်သား ၉ဦးသေဆုံးပြီး ၁၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးမှာ စစ်တပ်က ရှေ့တိုးဖို့ကြိုးပမ်းလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က သက်တမ်းနှစ်(၆၀)ကျော်ရှိတဲ့ ဒေါငံခါးရွာက ကက်သလစ်အသင်းတော်ဘုရားကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။