Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများ BGF ဝင်ရောက်ရှင်းလင်းမှုစတင်

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ်(BGF)က ဝင်ရောက် စစ်ဆေးရှင်းလင်းမှုများ စတင်နေပြီဖြစ်ကြောင်း BGF ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က လူထု​နွေဦးသို့ ပြောသည်။

ယနေ့နံနက်က ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား BGF တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းနေစဉ်။ ဓာတ်ပုံ - CJ၊ပေးပို့

▪️တစ်သုတ်လျှင် လူဦးရေး ၅၀၀ ပြန်ပို့ရန် စီစဉ်ထားဟု BGF ဆို

ဒီးဒီ/People’s Spring

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ်(BGF)က ဝင်ရောက် စစ်ဆေးရှင်းလင်းမှုများ စတင်နေပြီဖြစ်ကြောင်း BGF ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က လူထု​နွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၆နာရီက စတင်နေခြင်းဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

” လူကုန်ကူးခံရတဲ့သူတွေနဲ့ နေရပ်ပြန်ချင်တဲ့သူတွေကို ပထမဆုံးအနေနဲ့ ပြန်ပို့မယ်။ လိမ်လည်တဲ့သူတွေကို ဖယ်ရှားမယ်။ နောက်ဆုံးအနေနဲ့က စပ်ဆက်ပစ္စည်းတွေကို ဖျက်ဆီးပြစ်မယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူအပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီး နှစ်ရက်အကြာတွင် စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အစိုးရဖြင့်ချိတ်ဆက်ပြီး တစ်သုတ်လျှင် လူဦးရေ ၅၀၀ ပြန်ပို့ပေးရန် စီစဉ်ထားသည်ဟု BGFက ဆိုသည်။

ထို့အပြင် မြဝတီဒေသ၌ လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား ၆၉ဦးအား ရှာဖွေကယ်ဆယ်ပြီးနောက် ယနေ့ ညနေပိုင်းတွင် နေရပ်ပြန်ပို့ပေးမည်ဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

ပထမအသုတ်အနေဖြင့် ဖေဖော်ဝါရီ ၆ရက်က တရုတ်နိုင်ငံသားများအပါအဝင် ၆၁ဦးအား မဲဆောက် – မြဝတီ ချစ်ကြည်ရေးအမှတ်(၂)တံတားမှ နေရပ်ပြန်ပို့ပေးခဲ့သည်။

ကရင်ပြည်နယ်၊ နယ်စပ်ဒေသများရှိ စီမံကိန်း၌ လူကုန်ကူးခံရသူ ၂,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ထားပြီး ဆောင်ရွက်ခဲ့သော စီမံကိန်းများအား ပါဝင်ရင်းနှီးမြှပ်နှံထားခြင်း မဟုတ်ဘဲ မြေငှားရမ်းသည့်မြေရှင်သာဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၆ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

၂၀၂၃မှ လက်ရှိအချိန်အထိ လူကုန်ကူးခံရသူ စုစုပေါင်း ၂,၀၀၀ကျော်ကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်ဆက်သွယ်ကာ နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

ထိုင်း – မြန်မာနယ်စပ်ရှိကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် နှင့် ကျားဖြန့်လုပ်ငန်းများတွင် ထိုင်းပါဝင်မှု မရှိ​ကြောင်း ပြသရန် ထိုင်းအစိုးရက မြန်မာပြည်ဘက်ခြမ်းရှိ နေရာ ၅ ခုသို့ လျှပ်စစ်မီး ပေးပို့မှုများကို ဖေဖော်ဝါရီ ၅ရက် နံနက်က စတင်ဖြတ်တောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။