Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ်တိုက်ပွဲအတွင်း PDF ရဲဘော်သုံးဦး ကျဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။

(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်တိုက်ပွဲအတွင်း PDF ရဲဘော် သုံးဦးကျဆုံးပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၂၇ရက် နေ့လည်ပိုင်းက ချောက်မြို့နယ်၊ ကုန်းကြီးပျူစောထီးကျေးရွာမှ လာသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးခရိုင် အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ မြို့နယ် ပကဖ၊ Local PDFများသည် နေ့လယ် ၂နာရီမှ ၄နာရီအထိတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

တိုက်ပွဲအတွင်း မကွေးလေတပ်မှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာနေပြည်သူများ ခိုလှုံနေသော ကျေးရွာဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ပြည်သူ၂ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလည်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ရဲဘော် တစ်ဦးနှင့် ညီနောင်တပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ထပ်မံအသိပေးသည်။

(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

“ရွာမဘက်မှာ တကျော့ပြန်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာ။ တိုက်လေယာဥ်တွေနဲ့လာပြီးတော့ ဗုံးကြဲတယ်။ ရွာမကို မီးရှို့တာလည်း အိမ်ခြေ ၁၅ အိမ်လောက် ပြာကျသွားတယ်။ ရွာမဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားတယ်။ လေယာဥ်တွေနဲ့ဗုံးလာကြဲတော့ ပျက်စီးတာ။”ဟု Chauk Guerilla Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံး PDFတပ်ဖွဲ့ဝင် သုံးဦးတွင် ချောက်မြို့နယ်အခြေစိုက် အာဠာဝကပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတလည်း ပါဝင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက အတည်ပြုသည်။ ထို့အပြင် ရဲဘော် ၇ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား အောက်တိုဘာ ၂၅ရက်ကတည်းက ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှု ၃ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီက နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်။

(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ချောက်မြို့နယ် ရွာမ၊ ကတိုင်နှင့် ရွှဲတောရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး၍ နရွဲတောရွာနှင့် ရွာမကျေးရွာတို့မှ နေအိမ် ၅၀ကျော် မီးလောင်ပြာကျခဲ့သည်။

အဆိုပါစစ်ကြောင်းတွင် ချောက်မြို့နယ်အခြေစိုက် ခလရ(၁၃)ခြေလျင်တပ်ရင်းအပြင် ဝါဇီတပ်၊ ပုပ္ပါးတပ်တို့မှ စစ်သားများလည်း ပါဝင်နိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။