Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ဆွေးနွေးရန် TNLAကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ရောက်နေ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက အသိပေးထုတ်သည်။

PSLF ကိုယ်စားလှယ်အဖွဲ့မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက အသိပေးထုတ်သည်။

PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAAကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖန် (ဖေဖော်ဝါရီ ၁၆ရက်)တွင် တွေ့ဆုံမှုများစတင်မည်ဟု TNLAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသည့် သတင်းနှင့်ပတ်သက်၍ TNLA သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနှင့် TNLA ခေါင်းဆောင်အချို့အား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရှိနေကြောင်းလည်း တိုင်းရင်းသားတော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ရန် မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်အစိုးရက နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိရာ တအာင်းတပ်မတော်(TNLA) အနေဖြင့်လည်း စစ်ရေးတင်းမာမှုများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိဟု ၂၀၂၄ နိုဝင်ဘာ ၂၅ရက်တွင် သဘောထား ထုတ်ပြန်ထားသည်။

TNLAကဲ့သို့ပင် MNDAA အနေဖြင့်လည်း ထိုသို့ သဘောထားထုတ်ပြန်ကာ စစ်ကောင်စီနှင့် ဆွေးနွေးပြီး ၂၀၂၅ ဇန်နဝါရီတွင် ကိုးကန့်နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေး ဖြစ်ပေါ်ခဲ့သည်။

TNLA အနေဖြင့် ကိုးကန့်ကဲ့သို့ စစ်ကောင်စီနှင့် အပစ်ရပ်စဲသွားပါက တရုတ်အစိုးရအနေဖြင့် မြန်မာ့အရေးကို ပိုမိုဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လာမည်ဟု သတင်းရင်းမြစ်က သုံးသပ်သည်။

“ အပစ်ရပ်သွားနိုင်ပါတယ်။ သို့သော် အလျှော့အတင်းကိစ္စနဲ့တော့ နှစ်ကြိမ် သုံးကြီလောက်အနည်းဆုံးထပ်ပြောကြရလိမ့်မယ်”ဟု သတင်းရင်းမြစ်က တအာင်းတပ်နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေးဖြစ်လာနိုင်မှုအပေါ် ခန့်မှန်းပြောသည်။

TNLAသည် မဟာမိတ်များနှင့်အတူ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး ၁နှစ်ကျော်အတွင်း TNLAက မြို့ ၁၂ မြို့နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထိုသို့ သိမ်းပိုက်ထားသည့် အခြေအနေတွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများစွာ သေဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် ကိုးကန့်တပ်နှင့် ဆွေးနွေးမှု အပစ်ရပ်စဲမှု မလုပ်ဆောင်မီကလည်း လားရှိုးမြို့အပါအဝင်ကိုးကန့်တပ် ထိန်းချုပ်ရာ နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

သတင်း

ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့မှုမှာ နှစ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့အညီ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏ အထူးဒေသ(၁)လောက်ကိုင်မြို့တွင် လာရောက်နေထိုင်သူများအားလုံး နေထိုင်ခွင့်ကဒ် လျှောက်ထားရန် ယနေ့ သတင်းထုတ်ပြန်သည်။

ဆောင်းပါး

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။