Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ဆွေးနွေးရန် TNLAကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ရောက်နေ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက အသိပေးထုတ်သည်။

PSLF ကိုယ်စားလှယ်အဖွဲ့မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက အသိပေးထုတ်သည်။

PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAAကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖန် (ဖေဖော်ဝါရီ ၁၆ရက်)တွင် တွေ့ဆုံမှုများစတင်မည်ဟု TNLAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသည့် သတင်းနှင့်ပတ်သက်၍ TNLA သတင်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးနှင့် TNLA ခေါင်းဆောင်အချို့အား ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရှိနေကြောင်းလည်း တိုင်းရင်းသားတော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီနှင့် အပစ်ရပ်စဲရေး လုပ်ဆောင်ရန် မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်အစိုးရက နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိရာ တအာင်းတပ်မတော်(TNLA) အနေဖြင့်လည်း စစ်ရေးတင်းမာမှုများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိဟု ၂၀၂၄ နိုဝင်ဘာ ၂၅ရက်တွင် သဘောထား ထုတ်ပြန်ထားသည်။

TNLAကဲ့သို့ပင် MNDAA အနေဖြင့်လည်း ထိုသို့ သဘောထားထုတ်ပြန်ကာ စစ်ကောင်စီနှင့် ဆွေးနွေးပြီး ၂၀၂၅ ဇန်နဝါရီတွင် ကိုးကန့်နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေး ဖြစ်ပေါ်ခဲ့သည်။

TNLA အနေဖြင့် ကိုးကန့်ကဲ့သို့ စစ်ကောင်စီနှင့် အပစ်ရပ်စဲသွားပါက တရုတ်အစိုးရအနေဖြင့် မြန်မာ့အရေးကို ပိုမိုဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်လာမည်ဟု သတင်းရင်းမြစ်က သုံးသပ်သည်။

“ အပစ်ရပ်သွားနိုင်ပါတယ်။ သို့သော် အလျှော့အတင်းကိစ္စနဲ့တော့ နှစ်ကြိမ် သုံးကြီလောက်အနည်းဆုံးထပ်ပြောကြရလိမ့်မယ်”ဟု သတင်းရင်းမြစ်က တအာင်းတပ်နှင့် စစ်ကောင်စီအကြား အပစ်ရပ်စဲရေးဖြစ်လာနိုင်မှုအပေါ် ခန့်မှန်းပြောသည်။

TNLAသည် မဟာမိတ်များနှင့်အတူ ၂၀၂၃ အောက်တိုဘာ ၂၇ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး ၁နှစ်ကျော်အတွင်း TNLAက မြို့ ၁၂ မြို့နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထိုသို့ သိမ်းပိုက်ထားသည့် အခြေအနေတွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း TNLA ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများစွာ သေဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် ကိုးကန့်တပ်နှင့် ဆွေးနွေးမှု အပစ်ရပ်စဲမှု မလုပ်ဆောင်မီကလည်း လားရှိုးမြို့အပါအဝင်ကိုးကန့်တပ် ထိန်းချုပ်ရာ နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။