Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့နယ်အတွင်း တောမီးကြောင့် အိမ် ၆လုံး ဆုံးရှုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တောမီးလောင်ရာ ကျေးရွာအတွင်း မီးကူးစက်ပြီး နေအိမ် ၆လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အိမ်သွင်/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တောမီးလောင်ရာ ကျေးရွာအတွင်း မီးကူးစက်ပြီး နေအိမ် ၆လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် ကိုးတိုင်းလမ်းခွဲအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၁၄ရက်)က တောမီးကူးစက်လောင်ကျွမ်းခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“မီးက တစတစနဲ့ အားကောင်းလာပြီး အိမ်တွေပါ ပါတာ။ မီးသတ်ကားရောက်လာမှ ငြှိမ်းနိုင်တာလေ။ တောမီးအန္တရာယ်လည်း ကြီးတယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ နွေရာသီရောက်ရှ်ိလာပြီး ရာသီဥတုပူပြင်းခြောက်သွေ့လာ၍ ဒေသအချို့တွင် တောမီးလောင်ကျွမ်းမှု များ ရှိလာသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်က တောမီးမှတဆင့် ကူးစက်ရာ စက်သုံးဆီဆိုင် မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာတို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။