Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှ ရိုဟင်ဂျာတစ်ထောင်နီးပါး စစ်ကောင်စီခေါ်ထုတ်ပြီး ရခိုင်ပို့ဆောင်၍ လူသားတံတိုင်းအဖြစ်အသုံးပြုမည်ကိုစိုးရိမ်ဟု နိုင်ကျဉ်းကွန်ရက် ထုတ်ပြန်

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ခေါ်ဆောင်သွား၍ အာရက္ခတပ်‌တော်(AA)နှင့် တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်သည့်အခြေအနေအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများနှင့် စောင့်ကြိုနေကြသူများအား ၂၀၂၃ က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အိမ်သွင်People’s Spring

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီက ခေါ်ထုတ်သွားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ခေါ်ဆောင်သွား၍ အာရက္ခတပ်‌တော်(AA)နှင့် တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်သည့်အခြေအနေအတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခရီးသယ်တင်ကားများဖြင့် ယနေ့(ဖေဖော်ဝါရီ ၁၆)ရက်)နံနက်ပိုင်းတွင် ခေါ်ထုတ်သွားခြင်းဟု PPNMက ထုတ်ပြန်ထားသည်။

၎င်းတို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့သို့ခေါ်ဆောင်သွားကြောင်း သတင်းရရှိထားပြီး စစ်ကောင်စီက စစ်သားအဖြစ် စုဆောင်းနိုင်သလို တိုက်ပွဲများအတွင်း လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ကြောင်း PPNM ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

” အမျိုးသားတွေကို စစ်သားဖြစ်အသုံးပြုမယ်ဆိုရင် အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲမှာ အသုံးပြုနိုင်တယ်။ လူသားတံတားအနေနဲ့အသုံးပြုမယ်ဆိုရင်လည်း အသက်အန္တရာယ်အာမခံနိုင်တဲ့ အခြေအနေမှာ မရှိနေဘူး”ဟု ၎င်းက ပြောသည်။

ယခု ခေါ်ထုတ်ခံရသည့် ရိုဟင်ဂျာ ၉၃၆ဦးသည် အင်းစိန်အကျဉ်းထောင်အပြင် စစ်ကောင်စီက ပြီးခဲ့သည့်ရက်များက အခြားအကျဉ်းထောင်များမှ လာရောက်ပို့ဆောင်ထားရသူများလည်း ပါဝင်သည်ဟု PPNMက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ရက်က ရုံးပိတ်ရက်ဖြစ်သော်လည်း စစ်ကောင်စီလက်အောက်ခံ လဝကဝန်ထမ်း၅၀

ကျော်သည် အင်းစိန်ထောင်တွင်းသို့လာရောက်၍ အဆိုပါ ရိုဟင်ဂျာများအား အထောက်အထားကဒ်များ ပြုလုပ်ပေးခဲ့‌သည်ဟု ဆိုသည်။ ထုတ်ပေးလိုက်သောကတ်များသည် မည်သည့်ကတ်အမျိုးအစားဖြစ်သည်ကိုအတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိသည်ဟု PPNMက ဆိုသည်။

အဆိုပါရိုဟင်ဂျာများအား လွတ်ရက်စေ့သည့်တိုင်အောင် မလွှတ်ပေးခဲ့သည့်အပြင် အချို့သည် တစ်နှစ်ခွဲကျော်သည်အထိ ထပ်မံချုပ်နှောင်ခံခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်ဆီက ခေါ်ထုတ်သွားသူများတွင် လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား( ၅၈၄)ဦး၊အမျိုးသမီး(၂၆၇)ဦး၊ကလေး(၆၇)ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။ လွတ်ရက်စေ့(၁၈)ဦးမှလွဲ၍ ကျန်သူများကို စစ်တွေမြို့ကို ရေကြောင်းအသုံးပြု၍ ပို့ဆောင်သွားမည်ဖြစ်ကြောင်း PPNMက အသိပေးထားသည်။

၎င်းတို့အား စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခအတွက် အသုံးချနိုင်မှုအပြင် လူသားတံတိုင်းအဖြစ်လည်း အသုံးပြုနိုင်မည့် အခြေအနေဖြစ်ပေါ်လျှက်ရှိသည်ဟု ကိုသိုက်ထွန်းက ပြောသည်။

ကနဦးရရှိထားသည့်အချက်အလက်များအရ ရိုဟင်ဂျာများအား ရှေ့တန်းသို့ ပို့ဆောင်ရန် စီစဉ်ထားသည့်အတွက်သာ ယခုကဲ့သို ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း PPNMအ‌နေဖြင့် သိရှိထားရပြီး နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်စောင့်ကြည့်သွားရန်အထူးလိုအပ်လျက်ရှိကြောင်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။