Connect with us

Hi, what are you looking for?

သတင်း

ညောင်​ရွှေတိုက်ပွဲ PNO ပြည်သူ့စစ် ၄ဦးဖမ်းမိပြီး ​သေနတ်၅လက်နှင့်ကျည်များရဟုအင်း​လေးPDF ​ပြော

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ လေးဦးအရှင်ဖမ်းမိပြီး သေနတ်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူ ကိုအင်းသွေနီ က လူထုနွေဦးသို့ပြောသည်။

PDF များကဖမ်းဆီးနိုင်ခဲ့​သောPNO စစ်သုံ့ပန်းနှင့် သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-IPDF

ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ လေးဦးအရှင်ဖမ်းမိပြီး သေနတ်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူ ကိုအင်းသွေနီ က လူထုနွေဦးသို့ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က PNO တပ်ရင်း (၁) နှင့် တပ်ရင်း (၇)တို့ပူးပေါင်း၍ အင်အား(၁၀၀)ကျော်ဖြင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးသို့ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။

“အခုတော့ PNO စစ်ကြောင်းက ထီရီးနဲ့နမ့်ပွန်ဘက်မှာရှိတယ်။ သူတို့ပြန်ဆုတ်သွားကြတာ။ကျနော်တို့ ပြည်သူတွေအတွက် စစ်မှန်သောလွပ်လပ်မှု့ရဖို့ အသက်ပေးပြီးအားသွနခွန်စိုက်ကြိုးစားနေတယ်ဆိုတာကို အသိပေးလိုပါတယ်”ဟု ကိုအင်းသွေနီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဘုရားတောင်၊ရေပူ၊ညောင်လေးပင် နှင့် နန်းတုတ် ဒေသ တစ်လျှောက်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟု လည်း ၎င်းက ​ပြောသည်။

PNO ၏ ထိုးစစ်နှင့်အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉တပ်ရင်း၊ ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK- PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့များပူးပေါင်း၍ သုံးနာရီခွဲ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်းစစ်​ကောင်စီကလေယာဉ်ဖြင့်သုံးကြိမ်ကြိမ်၊လက်နက်ကြီးဖြင့်အကြိမ်ရေ (၅၀)ခန့် ပစ်ကူပေးခဲ့သော်လည်း တပ်ပေါင်းစု၏ ရဲဘော်များအထိအခိုက်မရှိဘဲ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်းအသိပေးသည်။

တိုက်ပွဲအတွင်း PNO ဘက်မှငါးဦးထက်မနည်း သေ ဆုံးပြီး လေးဦးအရှင်ဖမ်းဆီးရမိကာ သေနတ် ၅ လက် ၊ကျည်ဘောက်ကိုးခုနှင့်ကျည်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြသည်။

ယခုနှစ်ဇန်နဝါရီ ၃၀ ရက်ကလည်း ညောင်ရွှေမြို့နယ် ရန် စစ်တပ်နှင့်ပအိုဝ်းပြည်သူ့စစ် PNA ကပူး ပေါင်း၍ ရေပူရွာအရှေ့ဘက်ရေချောင်း ထိုးစစ်ဆင်မှုကို IPDF နှင့်ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ လေးဦးထက်မနည်းသေဆုံးကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်