Connect with us

Hi, what are you looking for?

သတင်း

တညောင်တိုက်နယ် ရဲစခန်းဂိတ်ကို စလင်းပကဖ တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရဲစခန်းဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)နံနက် ၈နာရီကျော်က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရဲစခန်းဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)နံနက် ၈နာရီကျော်က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်မှ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဘန်ကာအတွင်းမှ စစ်ကောင်စီ တပ်သားတစ်ဦးမှာလည်း လက်ပစ်ဗုံးထိမှန်ခဲ့သည်ဟု ဆိုသည်။

“တညောင်ရဲစခန်းမှာတော့ ပုံမှန်အင်အား ၃၀ လောက်ရှိတယ်။ရဲစခန်းရှေ့မှာရှိတဲ့ စစ်ဆေးရေးဘန်ကာမှာတော့ စခနဲ့ ရခ ခြောက်ယောက်ရှိပါ တယ်။ စစ်ဆေးရေးဘန်ကာက်ို တိုက်ခိုက်ခဲ့တာပါ “ဟု ကိုအောင်ဆန်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီ​၏ ရဲများထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ဖေဖော်ဝါရီလဆန်းပိုင်းကလည်း စလင်းမြို့စျေးအတွင်း ပိုက်ဆံလိုက်လံကောက်ခံနေသည့် တညောင်တိုက်နယ်ရဲစခန်းမှ ဒုရဲအုပ်လဲ့လဲ့စိုး(ခ) ဝက်မဆိုသူကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းစလင်းပကဖက ထုတ်ပြန်ထားသည်။

ထို့အပြင် လက်ရှိဒေသတွင်း စစ်ရေးအခြေအနေကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီအထိုင်ချတပ်စွဲရာ နေရာများနှင့် စစ်ကား၊ရဲကားများ အနီးတစ်ဝိုက် နေထိုင်သွားလာခြင်း မလုပ်ကြရန် စလင်းပကဖ က သတိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စလင်းမြို့၏ အနောက်မြောက်ဘက်ရှိ သရက်တောတိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၉ရက်ကလည်း စလင်းမြို့နယ် အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

စလင်းမြို့နယ်တွင်းသို့ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ကျော်အသုံးပြု၍ စစ်ရေးအရ အရေးပါသည့် ဆင်ဖြူကျွန်းမြို့နှင့် တညောင်မြို့ ကားလမ်းမဘေးရှိ ကျေးရွာများကို ဇန်နဝါရီ တတိယပတ်ကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စလင်းမြို့နယ်၊ တညောင်မြို့တွင် ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ်(၂၁) နှင့် (၂၂)ထံ ဓာတ်အားပေးရသည့် ဓာတ်အားခွဲရုံရှိသည်။

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ -၂၅၃၊၂၅၄နှင့် ၂၅၅)တပ်တို့ အခြေစိုက်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများရှိသည့် ပွင့်ဖြူ ၊ စေတုတ္တရာမြို့ နယ်တို့နှင့် ဆိပ်ဖြူမြို့နယ်သည် ထိစပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်တွင် နေ့စဥ်တိုက်ပွဲဖြစ်နေပြီး အထိနာနေသော စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း ဗမာ့တပ်တော် - BAMAR ARMYက ယနေ့(မတ်လ ၁၈ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ဘုံရန်သူစစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် မကွေးတိုင်း၊စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ် ခြောက်ဖွဲ့က တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းပြီး သဘောတူဆုံးဖြတ်ခဲ့သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ် စည်ဆွဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိိုးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

စစ်ကိုင်း - မင်းကွန်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ညအချိန်ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မင်းကွန်း ) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။