Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းမြို့နယ်တွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ​တော်လှန်​ရေးအဖွဲ့များသုံးရက်ဆက် တိုက်ခိုက်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မြိတ် -ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်း၌ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူသုံးရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။

မြိတ်-ဘုတ်ပြင်း-​ကော့​​သောင်း​ဒေသတို့ကို Gogle Earth တွင်​တွေ့ရပုံ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မြိတ် -ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်း၌ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကိုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူသုံးရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်၊နံနက် ၉ နာရီ ၄၅ ခန့်က ဘုတ်ပြင်းမြို့နယ်၊ ထောင်စုံမဟက်ကျေးရွာ အုပ်စု၊ ဘိုဒါးကျေးရွာအနီးသို့အင်အား၁၀၀ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်ကို KNLA အမှတ် (၂၀၃)တပ်ရင်းမှ အ မှတ်(၂)တပ်ခွဲ၊ အမှတ် (၃)တပ်ခွဲ၊ KNU ပြည် သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊အမှတ်(၁) တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) Flying Star Foce နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုယနေ့(ဖေဖော်ဝါရီလ ၂၀ ရက်)ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းသို့ဝင်ရောက်စဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦး နေရာတွင် သေဆုံးပြီး ငါးဦးခန့် ဒဏ်ရာများရရှိခဲ့ကာ ဘုတ်ပြင်းတပ်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီကျော်တွင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုသည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာအနီးရှိ ဒေသအခေါ် R Zero(အာရ်ဇီးရိုး)နေရာသို့အရောက်၌ မိမိတို့ပူးပေါင်းအဖွဲ့မှ အသင့်ထောင်ထားသော အ ဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အသိ​ပေးထားသည်။

ထို့အပြင် ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက် ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းဗုံးသီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ ငါးဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဆိုသည်။

အလားတူ ယင်းနေ့(ဖေဖော်ဝါရီလ ၁၅ ရက်) ည၆ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ် ၏ ကင်းထောက်ဒရုန်းတစ်စီး ပျံသန်းလာသည်ကိုတွေ့ရှိသဖြင့် ပစ်ချခဲ့ရာ သေနတ်ကျည်ထိမှတ်၍ ပျက်ကျသွားခဲ့ပါသည်ဟု သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့နံနက် ၁၁ နာရီ ၄၅ ခန့်တွင် ယခင်နေ့ကလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ R Zero နေရာအနီးသို့ ထပ်မံရောက်ရှိလာရာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နေ့လယ် ၁ နာရီခွဲတွင် တစ်ကြိမ်၊ ၂ နာရီတွင် တစ်ကြိမ်၊ ညနေ ၅ နာ ရီတွင် နောက်ထပ်တစ်ကြိမ် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၄ ဦးခန့်သေဆုံး၍ စစ်ကောင်စီ၏ တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ကာ မဟာမိတ်ပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုတစ်စုံတစ် ရာ မရှိခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် (၁)တပ်ရင်းက ထုတ်ပြန်သည်။

အထက်ပါ သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂၄)ဦးထက်မနည်း သေဆုံး ၍ အများအပြား ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စုစုပေါင်း တိုက်ခိုက်ရေးဒရုန်း (၂)စီး(၁ စီးမှာအတည်ပြုဆဲ)အား ပစ်ချဖျက်ဆီးနိုင်ခဲ့ကာ (၆၀)မမ ဗုံးသီးတစ်လုံး ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ဌာနခွဲ တာဝန်ခံရဲဘော်တစ်ဦးကို​မေးမြန်းရာ “လေညာကျေးရွားအခြေစိုက် ခမရ ၅၅၉ တပ်တွင်းတပ်သား ငါးဦး‌သေပြီး ခမရ ၅၆၀ တပ်တွင်းသားနှစ်ဦးသေတယ်။ ကျန်တဲ့ရန်သူ တပ်သားတွေက ဘုတ်ပြင်း ခမရ ၂၂၄ ကဖြစ်ပါတယ်”ဟုလူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေများကိုလူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဘုတ်ပြင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးအခြေအနေများကြောင့် မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းရှိ မြို့ရွာများမှ ဒေသ ခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များအနီး နေထိုင်သွား လာခြင်း၊ ယာဥ်တန်းများနှင့် ကပ်လိုက်ခြင်း၊ စစ်တပ်ထောက်ပို့ပစ္စည်းများတင်ဆောင်၍ လိုက်ပါပို့ဆောင်ခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက သတိ ပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။