Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ လူသောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေနိုင်တယ်လို့ထိုင်း​ပြော

ထိုင်းနိုင်ငံနဲ့ နယ်စပ်နား မြန်မာပိုင်နက်ထဲမှာ ရှိနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေထဲမှာ လူသောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေနိုင်ကြောင်း ထိုင်းအစိုးရရဲ့ လူမှောင်ခို တိုက်ဖျက်ရေး ဌာနက ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းများရှိရာ​ရွှေကုက္ကိုမှ အ​ဆောက်အအုံအချို့ နှင့် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်​နေရပြီး ​နေရပ်ပြန်ပို့​နေ​သောတရုတ်နိုင်ငံသားများ။ ဓါတ်ပုံ-AFP ၊Guardian၊ Getty Images

People’s Spring

ထိုင်းနိုင်ငံနဲ့ နယ်စပ်နား မြန်မာပိုင်နက်ထဲမှာ ရှိနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေထဲမှာ လူသောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနေနိုင်ကြောင်း ထိုင်းအစိုးရရဲ့ လူမှောင်ခို တိုက်ဖျက်ရေး ဌာနက ဆိုပါတယ်။

နောက်ပြီးတော့ ကျားဖြန့်ဂိုဏ်းတွေက လူမှောင်ခိုကူးပြီး ခိုင်းစေတာ ခံထားရသူတွေ အပါ အဝင် နိုင်ငံခြားသားတွေကို နေရပ်နိုင်ငံ အသီးသီးဆီ ပြန်ပို့ဖို့အတွက် လတွေနဲ့ချီ အချိန်ယူရနိုင်တယ်လို့လည်း ထိုင်းလူမှောင်ခိုမှု တိုက်ဖျက်ရေး ဌာနရဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် သက်ချိုင် ပီတန်နီလာဘုထ်က Guradian သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ လတ်တလောမှာ နယ်စပ် အခြေစိုက် ဒုစရိုက် ဂိုဏ်းတွေကို ဖိဖိစီးစီး ဖြိုခွင်းဖို့ အားထုတ် လုပ်ဆောင်နေပြီး မြန်မာဖက်ခြမ်းမှာ တရုတ် ဒုစရိုက်ဂိုဏ်း ၃၀ နဲ့ ၄၀ ကြားလောက်က ထိန်းချုပ်ထားတဲ့ ကျားဖြန့် လုပ်ငန်းတွေ ရှိနေနိုင်ကြောင်း သက်ချိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်တဲ့ အဆောက်အအုံတွေထဲမှာ လူပေါင်း ၁၀၀၀၀ လောက် ရှိနိုင်သလို ၃၀၀၀၀ ကနေ ၅၀၀၀၀ လောက်ထိလည်း များပြားနိုင်ကြောင်း၊ ဒါမှမဟုတ် သိန်းဂဏန်းထိလည်း ရောက်ချင် ရောက်သွားနိုင်ကြောင်း သက်ချိုင်က ပြောပါတယ်။

ကျားဖြန့်ဂိုဏ်းတွေက ခိုင်းစေတာကို ခံနေရတဲ့ ဝန်ထမ်းတွေထဲမှာ နိုင်ငံပေါင်း ၃၀ ကျော်လောက်က နိုင်ငံသားတွေ ပါဝင်နေပေမယ့် အများစုဟာ တရုတ်နိုင်ငံသားတွေလို့လည်း သက်ချိုင်က မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်းဟာ တရုတ်၊ မြန်မာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ ပြီးတော့ အဲဒီ ကျားဖြန့်ဂိုဏ်းတွေကနေ ခေါ်ထုတ်လာတဲ့ ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ထိုင်းကနေ တရုတ်ဆီ လေကြောင်းခရီးစဉ်တွေနဲ့ ပြန်လည် ပို့ဆောင်ပေးနေပါတယ်။

သက်ချိုင်က ထိုင်းအာဏာပိုင်တွေဟာ မြန်မာပိုင်နက်ထဲထိ ဝင်ပြီး အဲဒီ နိုင်ငံခြားသားတွေကို ခေါ်ထုတ်တာမျိုး မဟုတ်ဘဲ ထိုင်းနယ်စပ်ဆီ လက်လွှဲပေးတာကိုသာ စောင့်ဆိုင်း လက်ခံတာ ဖြစ်တယ်လို့လည်း Guardianကို ပြောခဲ့ပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေသလို ကျားဖြန့်ဂိုဏ်းတွေ အများအပြား အခြေစိုက်ရာ ဒေသတွေကို ထိန်းချုပ်ထားတဲ့ ကရင် နယ်ခြားစောင့်တပ် (BGF)က ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်နွှယ် ပတ်သက်သူ ၁၀၀၀၀ လောက်ကို လက်လွှဲပေးသွားမယ်လို့ ပြောကြားထားပါတယ်။

ကုလသမဂ္ဂက လစာကောင်းတဲ့ အလုပ်အကိုင်မျိုး ရရှိမယ်ဆိုတဲ့ လှည့်စား သွေးဆောင်မှုတွေနဲ့အတူ အရှေ့တောင်အာရှ ဒေသထဲက ကျားဖြန့်ဂိုဏ်းတွေဆီ ကမ္ဘာအရပ်ရပ်ကနေ လူကုန်ကူး ခံရသူ အရေအတွက် သိန်းဂဏန်းထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)က ကျားဖြန့်ဂိုဏ်းတွေဟာ အဲဒီ ငွေကြေး လိမ်လည်မှုတွေကနေ တစ်နှစ်ကို ဒေါ်လာ ၆၄ ဘီလီယံလောက် ရရှိနေပြီး အဲဒီထဲက ၃၉ ဘီလီယံလောက်ဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေက ရရှိနေတာလို့ ဖော်ပြထားထားပါတယ်။

ကိုးကား-Guardian

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။