Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူရှိ စစ်ကောင်စီ၏ ဝါစိုက်ပျိုးရေးတပ်ရှေ့တန်းဂိတ်ကို တော်လှန်တပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါစိုင်ပျိုးရေးတပ် ရှေ့တန်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်း အကဖ ရွေ့လျားစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပွင့်ဖြူ ပကဖ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါစိုင်ပျိုးရေးတပ် ရှေ့တန်းစစ်ဆေးရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၄ နာရီခွဲတွင် ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်းဂိတ် ဖြစ်သော ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို မကွေးတိုင်း ပကဖ ရွေ့ လျားစစ်ကြောင်း (Yenanthar Column)၊ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်းနှင့် ပွင့်ဖြူမြို့နယ် ပကဖ တို့ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ကျစ်ကိုင်းစစ်ဆေးရေးဂိတ် သည် ပွင့်ဖြူမြို့အဝင် စံပြကျေးရွာနှင့် (၅)မိုင်အကွာ၌တည်ရှိပြီး ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သား ၁၅ဦးခန့် အထိုင်ချထားလေ့ရှိကြောင်း ပွင့်ဖြူမြို့နယ် ပကဖထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“နံနက်မလင်းခင် အလစ်ငိုက်တိုက်ခိုက်ရတာဖြစ်တဲ့အတွက် အထိခိုက်တော့ မသိရသေးပါဘူးခင်ဗျ”ဟု ပွင့်ဖြူမြို့နယ် ပကဖမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီ ၏ ဝါစိုက်ပျိုးရေးတပ်၏ မြောက်ဘက်ကပ်လျှက်တွင်တည်ရှိသည့် ရှေ့တန်းဂိတ်ဖြစ်ပြီး စီးနင်းတိုက်ခိုက်မှုအတွင်း နှစ်ဘက်အပြန်အလှန်ပစ် ခတ်မှုဖြစ်ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေ အတိအကျမသိရသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။

“လတ်တလောမှာတော့ စလင်းကနေ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေလုပ် ဆောင်ထားပါတယ်ခင်ဗျ”ဟု ပွင့်ဖြူမြို့နယ် ပကဖမှ ပြောခွင့်ရသူက တိုက်ခိုက်ပြီးနောက်ပိုင်းအခြေအနေကို ပြောသည်။

စစ်ကောင်စီတပ်သည် စလင်းမြို့ဘက်မှနေ၍ စလင်း-ပွင့်ဖြူလမ်းအတိုင်း အင်အား ၅၀ဝန်း ကျင်ကို ဝါစိုက်ပျိုးရေးတပ်သို့ ထပ်မံဖြည့်တင်းထား​ပြီး လတ်တလောတွင် နှစ်ဘက်စစ်ရေးတင်းမာနေသောကြောင့် တိုက်ခိုက်မှုလုပ် ဆောင်ခဲ့သော ကျစ်ကိုင်းစစ်ဆေးရေးဂိတ်တည်ရှိရာ စံပြ-ဆည်တော်လမ်းပိုင်းအား ပြည်သူများအသုံးမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

အလားတူ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းဘူးမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၉ ရက်က သရက်-မင်းတုန်းလမ်းပိုင်း၌ စစ်ကောင်စီ​၏ ဖောကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ဖေ ဖော်ဝါရီ ၂၀ ရက်တွင် မင်းတုန်းမြို့ ပုသိမ်-မုံရွာလမ်း၊ ကျောက်တိုင်ဆေးရုံအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက် ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။